♥Episode 20

1K 127 30
                                    

တောနက်တစ်နေရာမှာ အပြာရောင် အခိုးအငွေ့တွေ လွင့်မျောနေတယ်~ ဘယ်သူမှမရှိတဲ့ ဒီလိုကျောချမ်းဖွယ် နေရာမှာ ငယ်ရွယ်တဲ့ ကောင်လေးတစ်ယောက် ရှည်လျားလှတဲ့ သူ့လက်သည်းတွေကို သေချာကြည့်နေတယ် 😏 စွန်းပေနေတဲ့ သွေးစတွေဟာ ခြောက်သွေ့နေပြီ ဖြစ်သော်လည်း သူ့အာရုံမှာတော့ မွှေးကြိုင်နေဆဲ.. သွေးစွန်းတာကိုမှ သဘောကျတဲ့ မကောင်းဆိုးဝါးလေး ~~

သူရှင်သန်လာခဲ့တာကြာပြီ~ Shinobi တွေ စတင်ဖြစ်ပေါ်လာချိန်.. Ninjutsu တောင် မဟုတ်သေးဘဲ Ninshu အဆင့်ပဲ ရှိခဲ့စဉ်တည်းက မွေးဖွားလာသူ.. ဘယ်သူကမွေးတယ် ဘယ်မှာမွေးတယ် ဘယ်လိုမွေးတယ် မသိရဘဲ မျက်လုံး နှစ်လုံးပွင့်တည်းက တစ်ကိုယ်တည်း ရှင်သန်လာရသူ~ အမှောင်ကမ္ဘာဘက်က မိစ္ဆာတွေထက်ပင် သက်တမ်းရင့်သူ 😈 ထာဝရရှင်သန်မှုဆိုတဲ့ ခေါင်းစဉ်နောက်မှာ သနားညှာတာစိတ် မရှိခြင်းက လိုက်ပါလာတယ်.. ဟုတ်တယ် သူလို မသေမျိုးမကောင်းဆိုးဝါး တစ်ကောင်က ဘာကိုညှာတာရမလဲ 😔 လိုချင်တာယူမယ် မရရင် အသေသတ်မယ် 😏 ဒါသူ့လမ်းစဉ်ပဲ..

ဟုတ်ပြီ သူလိုချင်တာဘာမို့လို့ သတ်ပြီးတောင် ယူရလဲ မေးရင်...... မျက်ဝန်းလေးတွေပါ 👀 သတ္တိရောင်တောက်နေတဲ့ မျက်ဝန်း.. ပြောရရင် ချစ်ရသူကို ကာကွယ်ဖို့ ဘာမဆို ပေးဆပ်နိုင်တယ်ဆိုတဲ့ လူရဲ့မျက်ဝန်း 👀✨

ထိုမျက်ဝန်းလေးတွေကို စားခြင်းအားဖြင့် သူ့ရဲ့မသေမျိုးစွမ်းအားက ပိုကြီးလာတယ်~ အဆုံးမရှိသော ရှင်သန်မှုမှာ မွေ့လျော်နိုင်တယ် 😉 သူလိုချင်တာ စွမ်းအားမဟုတ်သော်လည်း မျက်ဝန်းတွေကို စားရဖို့ လူသတ်ရတဲ့ အရသာက အပျော်တမ်း ကစားနေရသလိုပဲ..✌တစ်ခုတော့ ရှိတယ်.. မည်မျှပင် ထာဝရရှင်သန်သူ ဆိုလည်း ထိုသတ္တိရောင် တောက်တယ်ဆိုတဲ့ မျက်ဝန်းပိုင်ရှင်က သတ်ရင် သူသေနိုင်တယ်~ ဒါကတော့ လူမသိလျှို့ ဝှက်ချက် ~ အခုထိအဲ့လူ ပေါ်မလာသေးလို့ သူရှင်နေတယ်လို့ ဆိုရမှာပေါ့ 😏

အခု သူ့ရဲ့.သားကောင်ဟာ Konohagakure မှာ ရှိနေပြီ.. အရမ်းကို ကောင်းမွန်လွန်းတဲ့ chakara တွေနဲ့ မျက်ဝန်းပိုင်ရှင်ကို သူခံစားမိတယ်.. လက်မှာ ကပ်ညိခြောက်သွေ့နေပြီဖြစ်တဲ့ သွေးစတွေမှာ သားကောင်လေးရဲ့. သွေးလည်းရောနေတယ်~~ 🍁 ကြွေလွင့်သွားတာတောင် တောက်ပနေဆဲ မေပယ်ရွက်လို ခြောက်သွေ့သွားတာတောင် ရဲရဲနီနေတဲ့ သွေး..

I don't mind ||Completed||Hikayelerin yaşadığı yer. Şimdi keşfedin