♥ Episode 9 (unicode)

431 44 1
                                    

Sasuke ရဲ့.ပြတ်သားတဲ့ ဆုံးဖြတ်ချက်အပြီးမှာ Tsunade-sama က ၃ နှစ်လုံးလုံး လျှို့ ဝှက်ထားခဲ့တဲ့ Sasuke ကို Konoha shinobi အဖြစ်ရှိနေသေးကြောင်း ကြေညာခဲ့တယ်~ သတင်းကြားပြီးပြီးချင်း shinobi တွေအကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပေမယ့် တိကျသေချ ာတဲ့ Tsunade ရဲ့.ဖြေရှင်းချက်တွေအောက်မှာ စောဒကမတက်နိုင်ခဲ့ကြဘူး~ ဒီလိုနဲ့ အမှောင်ထဲမှာပုန်းကွယ်နေရတဲ့ Sasuke က အလင်းတန်းတွေထဲရောက်လာခဲ့ပါတယ်..

"nani? Sasuke-kun???!!"

ပြိုင်တူထွက်လာတဲ့ အသံနှစ်သံကြောင့် Naruto တောင်လွင့်သွားလောက်ပါရဲ့.~ သူငယ်ချင်းတွေဖြစ်ကြတဲ့ Team တွေအကုန်ကို တစ်နေရာမှာစုခိုင်းလိုက်ပြီး Sasuke ရှိသေးကြောင်းပြဖို့ စီစဉ်ခဲ့သူက Kakashi~ ဒီအစီအစဉ်ကို Naruto ကတော့ သိပ်သဘောမကျ ဘူး~ ဒီလိုမျိုး ပေါ်တင်ကြီးပြောရတာက အခြားလူတွေကအသာနေဦး Sakura အတွက် အားနာစရာလို့ Naruto က တွေးမိတယ်~~

.....................................

အခုလက်ရှိ ပတ်ဝန်းကျင်မှာ လေစိမ်းတွေတိုက်နေသလို  ဟုတ်လည်းဟုတ်တာပဲ~ Sasuke က နဂိုတည်းက ဆက်ဆံရေးကျဲတာလည်းပါတယ်.. Kiba တို့ Shikamaru တို့နဲ့လည်း အရမ်းကြီးအဆင်ပြေတာမဟုတ်ဘူး~ Kiba ဆိုပိုဆိုးတယ်. Sasuke ကို ကြည့်လို့မရတဲ့စာရင်းထဲမှတ်ထားလားတောင် မသေချ ာဘူး..😑

//ကြက်သီးထတယ် dattebayo 😥//

"ဒီတော့ Sasuke.. မင်းကအခု Anbu အဖြစ်နဲ့ပဲဆက်ရှိနေမယ်ဆိုတဲ့ သဘောလား"

Shikamaru ကကောက်ခါငင်ခါ မေးလိုက်တော့ Ino နဲ့ Sakura က အဖြေကိုမျှော့်လင့်တကြီးနားစွင့်နေတယ်~

မှန်တယ်.. အခြေအနေတွေပြီးသွားသည့်တိုင် Sasuke က Anbu နဲ့နေသားကျနေပြီဖြစ်ပြီး သူ့အစ်ကိုနဲ့ပဲအတူ စစ်ဆင်ရေးတွေဆင်နွှဲပါမယ်လို့ Tsunade ကိုပြောခဲ့တယ်~ အဲ့အခါတုန်းက Naruto တစ်ယောက် Sasuke ကို ကြည့်နေရုံကလွဲပြီး ဘာမှမပြောခဲ့ဘူး~ အရင်ကဆို ဒေါသတကြီးအာပြဲလန် ရန်တွေ့ပြီး စောဒကတက်လေ့ရှိတဲ့ Naruto က Sasuke ရဲ့.ဆုံးဖြတ်ချက်ကို အငြင်းမပွားခဲ့ဘူး

Tsunade ကိုယ်တိုင်တောင် အံ့ဩသွားခဲ့ပါတယ်

"အဲလိုပြောလို့ရတယ်.."

I don't mind ||Completed||Onde histórias criam vida. Descubra agora