♥ Episode 13 (unicode)

420 44 0
                                    

နေအလင်းရောင်ထွက်ပြူစ ရောင်နီပေါ်ချိန် အုံ့မှိုင်းသော တောအုပ်ငယ်များကြားရှိ စံနန်းဆောင်တစ်ခုကို မြင်ရလာတယ်~ ထိုနန်းဆောင်မှာ စံမြန်းသူဟာ Houshu လို့ခေါ်တဲ့ ရှေးဟောင်းမင်းမျိုးနွယ်ရဲ့. နောက်ဆုံးမျိုးဆက် Aion hime-sama ဖြစ်တယ်👸 ~ Houshu မျိုးဆက်ဆိုတာ မကောင်းဆိုးဝါးဟူသမျှ. ချိတ်ပိတ်နိုင်တဲ့ အစွမ်းကိုပိုင်ဆိုင်ကြတဲ့ နန်းသွေးနန်းလျာများ~~ ဒီမျိုးနွယ်ဟာ ခေတ်ပြောင်းလဲလာသမျှ တစ်စတစ်စလျော့ပါး ဆုတ်ယုတ်လာပြီး နောက်ဆုံးလက်ကျန်အဖြစ် Aion hime-sama ပဲ ကျန် ရှိခဲ့တယ်~~ 👑

Aion (အိုင်းယွန်) မင်းသမီးလေးဟာ ငယ်စဉ်တည်းက မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့သာကြီးပြင်းခဲ့ရပြီး ဖခင်မေတ္တာငတ်လင့်ခဲ့ရသူဖြစ်တယ် ~😞 သူမတူအောင်ပြောင်မြောက်တဲ့ အစွမ်းတွေရှိတာကြောင့် တစ်ဖက်လောကမှ မကောင်းဆိုးဝါးတစ်ကောင်က အမြဲလိုလိုသတ်ဖို့ကြံစည်နေတာပေါ့~ 😈 အခုတော့ ဒီမကောင်းဆိုးဝါးဟာ လူအသွင်နဲ့ လူ့လောကထဲ ရောက်လာပြီး hime-sama ကို တိုက်ခိုက်နေလေပြီ~~

မည်သူက မင်းသမီးကိုကာကွယ်ပေးမှာလဲ???

-------------------------------------------------------------------------------------

"Eh??!!!!!!????!! လူသစ်ဝင်မယ်???!! 😨"

Hokage ရုံးချုပ်ကနေ ငှက်ဆိုးထိုးသံကြီးတစ်ခုထွက်လာတာများ ရုံးချုပ်အောက်ထပ်က လူတွေတောင် တုန်တက်သွားတယ် 😬

"တိတ်စမ်း Naruto! ဒါငါ့ဆုံးဖြတ်ချက်ပဲ"

"လူသစ်ထည့်ရအောင် Team 7 က ပျက်သွားတာမှမဟုတ်တာ 😡"

"ပျက်တယ်လို့လည်း ငါမပြောဘူး.. အခုအခြေအနေနဲ့ မင်းတို့မှာ လူနှစ်ယောက်ပဲရှိတယ်.. Kakashi က သီးသန့် mission ထွက်နေချိန် မင်းတို့နှစ်ယောက်တည်း ဘယ်လိုဖြေရှင်းမလဲ?"

"ကျွန်တော်တို့က ကလေးပေါက်စနတွေမှ မဟုတ်တာ!! Sensei မရှိလို့ မဖြေရှင်းနိုင်ဘူးဆိုတာ genin လေးတွေလေ"

"Naruto.မင်းကအခု genin ပဲရှိသေးတာနော်"

"စာမေးပွဲမအောင်ဘူးဆိုပြီး အထင်သေးပါနဲ့ Tsunade obaa-chan 😡 ကျွန်တော့်ကို Ero-sennin လေ့ကျင့်ပေးထားတာတွေက chunin အဆင့်မှီကိုမှီတယ်... စာမေးပွဲကိုစိတ်မဝင်စားဘူး 😡"

I don't mind ||Completed||Tahanan ng mga kuwento. Tumuklas ngayon