♥ Episode 4 (unicode)

557 55 1
                                    

လေအေးအေးတွေတိုက်ခတ်နေတဲ့ နေရာက ခုံတန်းလေးတစ်ခုမှာပေါ့ကွယ်...

"ကဲကဲ ကလေးတွေ ပင်ပန်းနေကြပြီလား.."

"ရပါတယ် အဖွား 😁"

Genin ninja 6 ယောက် ကျူတောလောက်ရှိတဲ့ မြက်ပင်တွေကိုရှင်းလင်းပြီးနောက်မှာတော့ ကွင်းပိုင်ရှင်အဖွားက onigiri အများကြီး လုပ်ကျွေးပါတယ်~ (onigiri - rice ball 🍙) အားလုံးထဲမှာ အားအပေးဆုံးက Kiba နဲ့ Naruto ပဲပေါ့.. Naruto က တစ်သက်လုံး cup ramen ကိုပိုကြိုက်ပေမယ့်လည်း သူ့အတွက် onigiri ဆိုတာ စားရခဲတဲ့အစားအစာကိုး... အားပါးတရစားတော့တာပေါ့~

များသောအားဖြင့် onigiri ဆိုတာ အမေလုပ်ပေးကြတာလေ~ မိရောဖပါ သိခွင့်တောင်မရတဲ့ Naruto အတွက် onigiri ဆိုတာ အိပ်မက်တောင်မက်လို့မရခဲ့ပါဘူး~ တစ်ခါတလေ Iruka sensei အားလပ်တဲ့အခါမှ ဝယ်လာတတ်တဲ့ onigiri လေးတွေ စားပြီးကျေနပ်ရတဲ့ဘဝ

ဒါကြောင့်လည်း Naruto က Iruka ကို အဖေလို ချစ်တာမဆန်းပါဘူး~~~ Iruka ကလည်း Naruto ကို အရမ်းချစ်တာကိုး~

"ငါတို့မြက်နှုတ်ပြီးရင် သစ်တုံးတွေကို ကြိုးချည်ပေးရဦးမယ်.."

"Eh?? Kiba.. ဘာလို့လဲကွ"

"Kurenai sensei ခိုင်းတာ.. လုပ်လက်စနဲ့ ကူပေးခဲ့ပါတဲ့.. ဒီနေရာက ချောင်းရေစီးသန်တယ်..ရေကာလို့ရအောင်ပါ.."

"ပြီးတော့ အဖွားကအသက်ကြီးပြီလေ"

Kiba နဲ့ Shino ရှင်းပြလိုက်ပြီးနောက်...

"ah...ဟုတ်သားပဲနော်.. ဒီနေရာက ချောင်းရေစီးသန်တယ်"

"ငါတို့လည်း ကူပြီးမှပြန်ရအောင်လေ"

"အင်း Sakura-chan"

Sakura လည်း ဝင်ထောက်ခံရင်း အတူတူဆက်ကူညီကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်လေရဲ့.. Naruto ကလည်း ပြုံးရယ်လို့ Naruto ကို ခိုးခိုးကြည့်နေတဲ့ Hinata လည်း ပျော်နေလောက်ပြီ.. သူသဘောကျတဲ့လူနဲ့ အချိန်အကြာကြီး အတူရှိနေရတာ သူလည်းပျော်မှာပေါ့နော်~ မပျော်နိုင်လေသူက ever မျက်နှာသေနဲ့ Sasuke-kun

(ဘာမှမဟုတ်ဝူး သဝန်တိုနေတာ )

သူ့မှာ မနေ့ကကိစ္စဖြစ်ပြီးတည်းက ဘယ်လိုဖြစ်နေမှန်းကိုမသိတာပါ.. Naruto အယောင်ယောင်အမှားမှားလုပ်မိတာကို သူက overreact ဖြစ်နေတာပဲလား? Naruto တကယ်ရည်ရွယ်ခဲ့တာလား?? လဒကောင်က အခုကျ ဘာမှမဖြစ်သလိုပဲရယ်.. ဒါပေမယ့်လည်း သူ့ကိုစကားလာမပြောပုံထောက်ရင် Naruto လည်း တစ်ခုခုကို စိတ်ထင့်နေလို့ဖြစ်မယ်~

I don't mind ||Completed||Where stories live. Discover now