♥Episode 8

1.5K 201 36
                                    

အုံ့မှိုင်းနေတဲ့သစ်ပင်သစ်ရိပ်တွေကြား အရိပ်အချို့.လျင်မြန်စွာ လျှပ်ပြေးနေတယ်~ လေလိုမြန်တဲ့အရှိန်နဲ့ ငှက်မွေးတောင်လို ပေါ့ပါးစွာ ပြေးလွှားနေတဲ့အရိပ်တွေက Konoha shinobi လေးဦးဖြစ်ပါတယ်~ သူတို့ဦးတည်နေတဲ့နေရာက ဘယ်သူဘယ်ဝါမှရောက်ဖူးခြင်းမရှိသော ကွင်းပြင်ကျယ်ကြီးတစ်ခုဖြစ်တယ်~ အမှောင်ထုတွေစိုးမိုးနေတဲ့ တောအုပ်ကြီးလိုလည်း မဟုတ်ဘူး~ အိပ်မက်ယောင်စေတဲ့မြူခိုးတွေလည်း မရှိဘူး~ genjutsu နဲ့ပြုစားထားတဲ့ နယ်မြေလည်းမဟုတ်ဘူး~

မြက်ခင်းစိမ်းတွေရှင်သန်ပေါက်ရောက်နေတဲ့ သာမန်ကွင်းပြင်ကြီးတစ်ခုပါပဲ~

ဒါပေမယ့် တစ်ခုထူးဆန်းနေတာက အဲ့ကွင်းပြင်မှာပေါက်ရောက်နေတဲ့ မြက်ပင်တွေက လူ့တစ်ရပ်ထက်ရှည်လျားတယ်~ ကွင်းပြင်ထဲဝင်လိုက်တာနဲ့ရှည်လျားလွန်းတဲ့ မြက်ပင်တွေကြားမှာ လူပျောက်သွားနိုင်တယ်~

ကွင်းပြင်တစ်ခုလုံး လေပြင်းတွေကလည်း တဝေါဝေါတိုက်ခတ်နေတာ.. လမ်းပျောက်သွားတဲ့လူဟာ အသည်းငယ်တယ်ဆိုရင် ပြဿနာရှိတယ်  ကိုယ့်ဘေးက လူဖြတ်ပြေးသလို နောက်ကျောကနေလာနေသလိုလို ခံစားချက်..😬

အဲ့နေရာမှာ ရန်သူကရှိနေလေတယ်...

"ငါတို့ဒီမှာ ခဏနားကြမယ်.. အမောဖြေကြ"

"hai.."

သုံးယောက်လုံး သစ်ပင်တစ်ပင်ဆီမှာမှီပြီးနားလိုက်ကြတယ်~ ခေါင်းဆောင်ဖြစ်သူကတော့ ခပ်မြင့်မြင့်သစ်ကိုင်းပေါ်မှာ ရပ်ပြီးအခြေအနေကြည့်နေတယ်.. shinobi လေးယောက်ကတော့ Kakashi~ Naruto နဲ့ Uchiha ညီအစ်ကိုနှစ်ယောက်ပေါ့

ခေါင်းဆောင်ဖြစ်သူ Kakashi က သစ်ပင်ပေါ်မှာအေးဆေးရပ်နေပြီး Itachi ကတော့ kunai တွေကိုသေချာစစ်ဆေးနေတယ်~ Naruto တစ်ယောက် နဖူးစည်းတံဆိပ်ကို ခဏချွတ်ပြီး ဆံပင်တွေကိုလက်နဲ့ဖွလိုက်ရင်း....

မျက်လုံးဝေ့ဝဲကြည့်လိုက်တဲ့အခါ သစ်ပင်ကိုအသာလေးကျောမှီရင်း မျက်ဝန်းတွေမှိတ်ထားတဲ့ Sasuke ကိုမြင်လိုက်ရတယ်~ ကျိန်စာအမှတ်ရှိနေသေးတဲ့ Sasuke အနေနဲ့ ရန်သူ့နယ်မြေနဲ့နီးလာလေ သက်ရောက်မှုကပိုများလေ~ အားအင်လည်းဆုတ်ယုတ်လာပုံရတယ်~ နှုတ်ခမ်းလေးတွေတောင် အနည်းငယ် အရောင်ဖျော့သွားတယ်လို့ Naruto တွေးမိတယ်~

I don't mind ||Completed||Donde viven las historias. Descúbrelo ahora