♥ Episode 15 (unicode)

370 41 0
                                    

အေးစိမ့်တဲ့နံနက်ခင်း စောစောအချိန်မှာ Houshu နန်းဆောင်ထဲမှ လူအချို့ လှစ်ကနဲ ပြေးထွက်သွားကြတယ်~ ထိုလူများမှာ......

"Sai.. ရန်သူအခြေအနေ ဘယ်လိုလဲ"

"ပိုနီးနေပြီ"

"ဒါဆို လူစုခွဲမယ် Sai မင်း Naruto နဲ့သွား.. Sakura! Hime-sama ကို Naruto ဆီပို့လိုက်"

"Huh!! Nadayo?? Aion ကိုဘာလို့...😦"

"မင်းတို့နှစ်ယောက် ရေတံခွန်ကို ရောက်အောင်သွားတော့ ငါပြောတာ နားလည်လား"

Yamato ရဲ့.မျက်ဝန်းတွေကပြောနေတယ်~ ငါတို့မှာစစ်ကူရှိတယ် ဆိုတဲ့အကြည့်တွေ~~ Naruto ရော Sai ရော ခေါင်းငြိမ့်လိုက်ပြီး အင်းသမီးလေးကို Naruto ကျောပေါ် တက်စေလိုက်တယ်~~

"Sakara-chan ဂရုစိုက်နော်.."

"စိတ်မပူနဲ့ 😉"

လူစုခွဲထွက်သွားပြီး မကြာခင် Yamato တို့ဘက်မှာ ဓားသံတချွင်ချွင်ကို ကြားလိုက်ရတယ်~ Sai နဲ့ Naruto လည်း မတတ်သာလို့ လျစ်လျူရှုပြီး ရေတံခွန်ဆီ ဦးတည်တော့တယ်~ နောက်ကလိုက်လာတဲ့ ရန်သူက အများကြီးမဟုတ်ဘူး ဒါပေမယ့် shinobi တွေဆိုတာ သေချ ာတယ်~ လျှော့တွက်လို့မရမှန်း Yamato က ကြိုသိနေလို့ လမ်းလွှဲပစ်ခဲ့တာပဲ~~ သို့သော် မသိနိုင်သေးဘူး သူတို့နောက်ကိုလည်း လိုက်လာဖို့ ရာခိုင်နှုန်းများတယ်~~ 😒😒

Naruto ပခုံးကိုသိုင်းဖက်ထားတဲ့ Aion ရဲ့.လက်လေးတွေက အင်္ကျီစကိုဖျစ်ညှစ်ထားတယ်..

"စိတ်မပူနဲ့ Aion.. ငါမင်းကိုကာကွယ်ပေးမှာပါ.. ကြောက်စရာမလိုဘူး ငါရှိတယ်"

ယုံကြည်မှုတို့အပြည့်နဲ့ အားပေးအားမြောက် ပြုပေးနေတဲ့ Naruto ရဲ့.ကျောပြင်ဟာ Aion အတွက် တစ်ခါမှ မရှိခဲ့ မမြင်ဖူးခဲ့သော တံတိုင်းကြီးတစ်ခုလိုပဲ~ နောက်ကျောက ကြည့်ရုံနဲ့တင် Naruto ပြုံးနေမယ်မှန်း Aion သိပါတယ်~ သူ Naruto ကိုယုံတယ်.. အချိန်ခဏလေး အတွင်းမှာတောင် သူ့ကိုအပြုံးတွေ ဝေစေခဲ့တဲ့ Naruto ဟာ သူ့အပြုံးတွေကို လွင့်ပယ်စေမယ့်သူမဟုတ်.. Aion ယုံကြည်ပါသည်~💙

"Naruto! ဘယ်ဘက် 36° မှာ တစ်ခုလာနေတယ်"

"ဘာ..😡 နောက်တစ်ယောက်လား"

I don't mind ||Completed||Where stories live. Discover now