♥ Episode 11 (unicode)

462 48 0
                                    

Hokage ရုံးခန်းထဲမှာ ဆွေးနွေးသံတစ်ချို့ ကြားနေရတယ်~ အဲ့အသံတွေထဲမှာဆိတ်ငြိမ်နေသူကတော့ Uchiha Sasuke~~

"ကျွန်တော်လုံးဝနားမလည်ဘူး dattebayo.. ကျွန်တော်တကယ် အမှောင်ထဲရောက်နေခဲ့တာ မျက်လုံးလည်းပြန်ဖွင့်ရော....."

"Sasuke ကိုတွေ့တယ်ပေါ့"

"အ..အင်း...😶"

"ဒီတော့ မင်းပြောပုံအရဆို မင်းသတိလစ်သွားတယ် အိပ်မက်မက်တယ် ပြီးတော့ပြန်နိုးလာတယ် အဲလိုလား"

"ဟုတ်တယ်.."

Tsunade ရယ် Shizune ရယ် Kakashi ပါ ခေါင်းစားသွားရပြီ~ ဒါဆိုမနေ့ကနိုးလာတဲ့ ဆံပင်အနက်နဲ့တစ်ယောက်က Naruto မဟုတ်ဘူးလို့ ဆိုလိုတာလား?? ဒါပေမယ့် Naruto လည်း ဟူတ်တာပဲ~ ဘယ်သူလဲ ဘယ်နေရာလဲ အကုန်သိနေတာပဲ~ သို့သော် အခုတော့ Naruto က ဆံပင်အဝါပြန်ဖြစ်သွားပြီး ဖြစ်ပျက်ခဲ့တဲ့အရာတွေကို မမှတ်မိပါဘူးတဲ့လေ

ဘာလဲပေါ့နော်.......😕 သိပ်တော့မဟုတ်ဘူး~

အဲ့အချိန်မှာပဲ တာဝန်ကျ medical ninja က ဝင်ပြောလာတယ်~

"Naruto-kun နိုးလာတည်းက ကျွန်တော်တို့ လေ့လာမိတာက Naruto-kun ဟာ စိတ်နှစ်မျိုးကွဲနိုင်ဖွယ်ရှိပါတယ်.."

"Eh???😮"

"ဆံပင်အရောင်ပြောင်းပြီး ပုံစံပြောင်းသွားတာကို Kakashi-san သိပါတယ်.. အဲဒါ နောက်ထပ် Naruto တစ်ယောက်ပါ.."

~

"Nani???? နောက်ထပ် Naruto??!!!!!"

"Kage buushin မဟုတ်ဘဲ....😐"

"ဟုတ်ကဲ့ Naruto-kun ရဲ့..ကိုယ်မှာ ထူးဆန်းတဲ့ chakura တစ်မျိုးစီးနေတယ်.. ဥက္ကာပျံရဲ့. ဓာတ်ကြောင်းဖြစ်ပါလိမ့်မယ်.. အဲ့ရလဒ်ကတော့ Naruto-kun ဟာ အချိန်ပိုင်းအတွင်း လူနှစ်ယောက်ဖြစ်နေမှာပါ.."

"😬 ဘယ်လိုကြီးလား......!!!"

"ဥပမာပြရရင် စိတ်နှစ်မျိုးကွဲနေတာပေါ့.. အခု Naruto-kun က ပုံမှန်ဆိုပေမယ့် အခုချက်ချင်းလည်း အခြား Naruto ဖြစ်သွားနိုင်တယ်"

"ဒါကိုသူဘယ်လိုရပ်တန့်နိုင်မလဲ??"

"၃ ရက်ကြာရင်ကောင်းသွားမှာပာ.."

"😥"

အခုမှ Sasuke သဘောပေါက်သွားတယ်~ မနေ့ညကသူတားပါရက်နဲ့ အတင်းအကြပ်ရှေ့ဆက်တိုးတဲ့ Naruto က အခြားတစ်ယောက်ဆိုတာ.. ဒါပေမယ့် သူမျက်လုံးစုံမှိတ်လိုက်ချိန်မှာ Naruto လှုပ်ရှားမှုတွေရပ်တန့်သွားခဲ့တယ်~ မှိတ်ထားတဲ့သူ့မျက်လုံးတွေ ဖွင့်လိုက်ချိန်မှာ အုပ်မိုးထားတဲ့ Naruto က ဆံပင်အဝါရောင်ဖြစ်နေပြီ 😐 ကြည့်ရတာ အချိန်ပိုင်းလေးအတွင်းမှာပဲ ပြောင်းလဲနေသလိုလို...

I don't mind ||Completed||Onde histórias criam vida. Descubra agora