♥ Episode 10 (unicode)

459 46 2
                                    

Konoha တံဆိပ်နဲ့ဆေးရုံကြီးရဲ့. ဓာတ်ခွဲခန်းထဲမှာ Medical နှစ်ယောက်နဲ့ jonin ninja တစ်ယောက်ဆွေးနွေးပြောဆိုနေကြတယ်~ မှန်အလုံပိတ်ခန်းထဲမှာ လှဲလျောင်းအိပ်စက်နေတဲ့ ninja တစ်ယောက်ကတော့ ငြိမ်းချမ်းလို့ရယ်..

"အခုအခြေအနေက အရမ်းမဆိုးပါဘူး.. ဒါပေမယ့် ထူးခြားတာရှိတယ်"

"ဘာများလဲ"

"ဥက္ကာခဲကထွက်တဲ့ဓာတ်က သူ့ကိုထိသွားတာမို့လို့ ဦးနှောက်လှိုင်းတွေမငြိမ်မသက်ဖြစ်နေတယ်.. စိတ်နေစိတ်ထားပြောင်းသွားနိုင်တယ်.."

"လူအသစ်လိုဖြစ်သွားမှာလား?"

"မဟုတ်ပါဘူး..ပြောင်းပြန်စိတ်ခံစားချက်ပါ အရင်ကငြိမ်သက်ခဲ့တဲ့လူဆိုရင် အခု စိတ်ဆတ်တဲ့လူဖြစ်လာမယ်ဆိုတဲ့သဘောပါ.. ဒါမှမဟုတ် ပွင့်လင်းတဲ့စိတ်အခြေအနေကိုလည်း ရောက်သွားနိုင်ပါတယ်"

တာဝန်ကျ medical ninja ဖြစ်သူက Kakashi လက်ထဲကိုဆေးစာရွက်ပြလိုက်တယ်~ Kakashi လည်း စာရွက်ကိုကြည့်ရင်း နည်းနည်းစိုးရိမ်သွားမိတယ်~ Naruto အနေနဲ့ နဂိုကအာပြဲလန်ဆိုပေမယ့် စိတ်ရင်းကောင်းပြီး လူမှုရေးကောင်းတယ်လေ~ ပြောင်းပြန်ဖြစ်သွားမယ်ဆိုတော့..............

//စဉ်းစားစရာပဲ..😐//

Medical ninja ဘေးနားက လက်ထောက်အကူကစာရွက်အချို့ ကို သေချ ာကြည့်နေတယ်~ Kakashi ဆီကသက်ပြင်းချသံ ကြားလိုက်ရပြီး တာဝန်ကျဆရာကိုယ်တိုင်လည်း စိတ်ပူနေပုံရတယ်~ အကယ်၍ Naruto သာ စိတ်ပြောင်းပြန်ဖြစ်သွားမယ်ဆိုရင် လိုက်ထိန်းဖို့လူပါ ခေါ်ရမယ်~ စိတ်ထားကောင်းတဲ့လူဖြစ်လို့ စိတ်များပြောင်းသွားခဲ့ရင် ပြဿနာအကြီးကြီးကိုတက်မှာသေချ ာတယ်~

"ဒုတိယ Sasuke ဖြစ်သွားရင်ဒုက္ခပဲ.."

"eh? Kakashi-san ဘာပြောလိုက်တာပါလဲ"

"iye ဘာမှမဟုတ်ပာဘူး "

Kakashi အတွေးသာမှန်သွားနေရင်။

"ဆရာ.. ဟိုမှာလူနာသတိရလာပြီ"

"ဟုတ်တယ် Kakashi-san လိုက်ကြည့်ပါ"

စိုးရိမ်မှုနယ်ပယ်ထဲလွင့်နေတဲ့ Kakashi လည်း Naruto ရှိရာအလုံခန်းထဲဝင်သွားချိန် ဟိုကထတောင်ထိုင်နေပြီ~ ဒါပေမယ့် Kakashi မျက်လုံးတွေအနည်းငယ် ဝိုင်းစက်ပြီး ၃စက္ကန့်လောက်ဆွံ့အသွားတယ် သတိရလာလို့ ငုတ်တုပ်ထိုင်နေတဲ့ Naruto က အခြေအနေမဟန်ပါ~ ဆရာဝန်ကစိတ်ပြောင်းမယ်ပဲပြောထားတာပါ.. အခုကလူပါပြောင်းသွားတာရယ်

I don't mind ||Completed||Tahanan ng mga kuwento. Tumuklas ngayon