♥ Episode 12 (unicode)

421 45 0
                                    

မနက်ခင်းအခန်းမှောင်ထဲ အနမ်းတွေဝေခဲ့တဲ့ သူတို့နှစ်ယောက် အိပ်ပျော်သွားလိုက်တာ ညဘက်မှာနိုးလာကြသတဲ့~  အရင်နိုးလာတဲ့ Anbu လေးက ကိုယ်လက်သန့်စင်ပြီး ထမင်းစားခန်းကစားပွဲမှာ ထိုင်နေလေရဲ့.... သူ့မှာ ပထမဆုံးအကြိမ်မှာ ထိုက်ထိုက်တန်တန်ကိုအနမ်းခံထားရလို့ ခေါင်းတွေတောင်မူးနေဆဲ...

ထိုစဉ် ဝရံတာဘက်ကတိုက်ခတ်လာတဲ့ ညလေအေးကြောင့် ကိုယ်လုံးလေးတွန့်သွားတယ်~ သူတို့တံခါးတစ်ချပ်မပိတ်မိဘူးပဲ~ ညအချိန်အခါမို့လို့ Konoha ရဲ့.မီးရောင်တလက်လက်နဲ့ လှပနေသောမြင်ကွင်းကိုမြင်နေရတယ်.. ခြံဝန်းလေးနဲ့ကြီးပြင်းလာတဲ့ Sasuke အဖို့ အပေါ်စီးကမြင်ရတဲ့ ရှုခင်းတွေကိုမခံစားတတ်ခဲ့ဘူး.. အားလပ်တဲ့အခါ အမြင့်ကိုတက်ပြီးကြည့်ရကောင်းမှန်းလည်း သူမသိခဲ့ဘူးလေ~~ တိုက်အမြင့်မှာနေတဲ့ Naruto ကတော့ အချိန်တိုင်းလိုလို အမြင့်တွေပေါ်တက်ပြီး Konoha ရဲ့.အလှကိုကြည့်လေ့ရှိတယ်~

"တကယ်လှတာပဲ..."

ဝရံတာဘက်သွားမလို့ မတ်တပ်ထရပ်လိုက်ချိန်မှာပဲ ပခုံးနဲ့ရင်ဘတ်ကိုသွယ်ဝိုက်လာတဲ့ လက်တစ်စုံ~~ Sasuke တစ်ခဏလောက် ရပ်တန့်သွားတယ်~ နှာဖျားထိပ်ကိုကျီစယ်လာတဲ့ အနံ့တစ်မျိုးကြောင့် သူ့ကိုဖက်ထားတာ Blonde hair နဲ့ Naruto မဟုတ်ဘူးဆိုတာ...

"Ohayo Sasuke..😉"

😉"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



ပြောလည်းပြော နားထင်စပ်ကိုလာနမ်းတာမို့ Sasuke နည်းနည်းတော့တုန်သွားတယ်~ 😐

ထိုစဉ် ရုတ်တရက် သူတစ်ခုတွေးကြည့်မိတယ်~~

Naruto ဒီလိုနှစ်မျိုးဖြစ်နေတာ အကြောင်းရှိကိုရှိတယ်~ သတ်မှတ်ရက်ရောက်တဲ့အထိ စောင့်နေမယ့်အစား ဖြေရှင်းနိုင်မယ့်နည်းလမ်းကို စမ်းသပ်သင့်တယ်လို့တွေးမိတယ်~~

I don't mind ||Completed||Where stories live. Discover now