♥ Episode 6 (unicode)

453 50 0
                                    

အုံ့မြိုင်းသောတောတွင်းတစ်နေရာ၌ ဓားသံတချွင်ချွင်ကို ကြားနေရတယ်~ တလှစ်လှစ်နဲ့ လျှပ်ပြေးနေတဲ့အရိပ်အချို့ကိုလည်း မြင်ရတယ်~ ကြည့်ရတာ အဖွဲ့နှစ်ဖွဲ့တိုက်ခိုက်နေပုံရတယ်~ ထိုအချိန်မှာပဲ မှောင်မိုက်သော တောအုပ်ဟာ လျှပ်စီးတလက်လက်လင်းလာပြီး လျှပ်စီးတန်းကြီးပေါ်ထွက်လာတယ်~ လျှပ်စီးသံကလည်း စူးရှလွန်းစွာ.....

"Chidori!"

လူတစ်ယောက်ရဲ့.အသံအဆုံး အတော်တန် ရှည်ထွက်လာတဲ့လျှပ်စီးတန်းကြီးဟာ လူ ၅ ယောက်ကို တစ်ချက်တည်းထိုးဖောက်သွားတယ်~

"Ahhhhh!!!!!!"

အော်ဟစ်သံတွေက ဓားသံတွေကိုလွှမ်းမိုးသွားလေရဲ့~ Chidori အမည်ရ lightening style Jutsu ဟာ တလက်လက်နဲ့ တောက်ပနေပြီး လူတစ်ယောက်ပြီးတစ်ယောက်ကို လှလှပပလေးနှိမ်နင်းပစ်လိုက်တယ်~

အကွာအဝေး တော်တော်များများအထိ ရှည်ဆန့်နိုင်တဲ့ chidori ကြောင့် လူတွေအတုန်အရုန်းလဲကျသေဆုံးကုန်လေတယ်~ ဓားတောင်မလိုတော့ဘူး~ ထို lightening style နဲ့တင် ကိစ္စကပြီးနေလေပြီ~ တာဝန်ပြီးလို့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတဲ့အဆုံးမှာ လူတစ်ယောက်ရဲ့.ကျောပြင်ကို ပီပီပြင်ပြင် မြင်ရလာတယ်~ ညာဘက်လက်မှာ ဓားရှည်ကိုကိုင်ထားပြီး လက်ဖမိုးကနေတံတောင်ဆစ်အထိ လက်ဝတ်သံချပ်ကာကိုဝတ်ဆင်ထားတယ်~

လက်ပြတ်ကိုယ်ကျပ်အင်္ကျီအနက်ပေါ်မှာ မီးခိုးဖျော့ရောင် ninja coat ဝတ်ထားတယ်~ ဒါ့အပြင် ဖြူဖွေးသော လက်မောင်းမှာလည်း မီးတောက်ပုံစံအနီရောင် တက်တူးထိုးထားသည်ကိုတွေ့ရလို့ အဲဒီလူဟာ Konoha shinobi Village ရဲ့. Anbu ninja တစ်ယောက်ဆိုတာ သေချ ာသည်~

အနက်ရောင်ဆံပင်တလွင့်လွင့်နဲ့ထိုလူက...
ထင်ထားတာထက်ကို သွေးအေးတဲ့ပုံစံ~

ကိုယ်စားပြု မျက်နှာဖုံးအဖြူ ရောင်ရဲ့. မျက်လုံးအပေါက်နေရာမှာ ထင်းနေတဲ့ Sharingan ကို မြင်လိုက်ရင်တော့ သူဘယ်သူလဲသိနိုင်ပါတယ်~

"Oi~"

အနားကို နောက်ထပ် Anbu တစ်ဦးရောက်လာချိန် ထိုလူကဓားရှည်ကိုကျောပြင်က ဓားအိမ်ထဲကိုပြန်ထည့်လိုက်တယ်~

I don't mind ||Completed||Where stories live. Discover now