♥ Episode 2 (unicode)

645 70 2
                                    

လှုပ်မရပြုမရနဲ့ အဆင်မပြေလွန်းတဲ့ အနေအထားမှာ Naruto ခြေကုန်လက်ပန်းကျလာပြီ~ ဟိုသကောင့်သား Sasuke က ပက်လက်လဲနေတဲ့လူလေ.. ဒီလူကသူ့အပေါ်ပစ်မလဲအောင် လက်ထောက်ထားရတာကို~ အချိန်တွေလည်းကြာလှပြီ~ Sakura မှာလည်း ဘယ်တွေရောက်လို့ ဘယ်ပေါက်ကာ တောထွက်နေပြီလဲမသိ..... အဖြစ်ကဆိုးလိုက်တာ..

တုန်ချိလာတဲ့လက်တွေက နည်းနည်းလေးလှုပ်လိုက်တာနဲ့ ပစ်လဲကျတော့မှာ သေချာနေတယ်~

//သေစမ်းကွာ...ငါ အဲ့ကောင်အပေါ် လဲကျလို့မဖြစ်ဘူး 😡 သူ့အသားကိုထိကိုမထိချင်ဘူး... တောင့်ထား တောင့်ထား...//

Sasuke ဘက်ကြည့်မယ်ဆိုရင်လည်း သနားစရာ~ သူ့ခမျာယောကျ်ားလေးဖြစ်ပါလျက် ယောကျ်ားလေးမိုးထားတာကို ခံနေရတယ်~ image ထိခိုက်တယ်တို့ဘာတို့.. Naruto ကလည်း မြင်နေကျမို့လို့ အရင်လိုပဲ သူ့ထက်ပုပြီး လူကောင်သေးတယ်လို့ထင်နေခဲ့မိတာ.. အခုတော့ ဒင်းက လူတစ်ယောက်လုံးကိုတောင် အုပ်မိုးနိုင်တဲ့အထိ ထွားလာတယ်~

//ဒီကောင် ဘယ်တုန်းက အဲလောက် ထွားလာတာလဲ...//

အို လူပျောက်ရှာ Sakura.....

ဒီကနေ့ သူတို့နှစ်ယောက်ကို တွေ့ပါဦးမလား?

"ha....ha...ha...."

Naruto ရဲ့ အသက်ရှူသံခပ်ပြင်းပြင်းကြောင့် ဝင်သက်ထွက်သက်က Sasuke လည်ပင်းကို မကြာခဏပွတ်တိုက်နေတယ်~ Naruto က Sasuke မျက်နှာကိုမမြင်ချင်တာကတစ်မျိုး သူမောဟဲလိုက်နေတာကို Sasuke မြင်ပြီး အလှောင်ခံရတာကိုမုန်းလို့တစ်ကြောင်း Sasuke ကို လုံးဝမကြည့်.... ခေါင်းကိုပဲငုံ့ထားတယ်~

"ဟျောင့် ခေါင်းမော့ထားကွာ.. မင်းဆံပင်တွေက ယားတယ်.."

ဟုတ်ပါရဲ့ . ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ Naruto ရဲ့ အဝါရောင် ဆံပင်တွေက Sasuke မျက်နှာကိုပွတ်တိုက်နေမှတော့ ယားပြီပေါ့~

"ဟ်ဟ် Academy ရဲ့.နံပါတ်တစ် ကျောင်းသားက ဒီလောက်ယားတာတောင် မခံနိုင်ဘူးလား"

ပထမဆုံးအကြိမ် Naruto ဆီက ခနဲ့တဲ့စကား ကြားလိုက်ရတာကြောင့် စိတ်ကတင်းကနဲ ဖြစ်သွားတယ်~ အမြဲတမ်းချီးကျူးခံရပြီး ကောင်မလေးတွေအသည်းကျော် ဖြစ်ခဲ့တဲ့ကိုယ်က သူလိုတစ်ရွာလုံးက ပစ်ပယ်ထားတဲ့လူဆီက ခနဲ့တာခံရပြန်တော့လည်း စိတ်ကတိုလာရဲ့~

I don't mind ||Completed||Donde viven las historias. Descúbrelo ahora