♥Episode 19

1K 137 16
                                    

"Kakashi.."

Tsunade ရဲ့.တည်ကြည်တဲ့အသံက အခန်းထဲ လွှမ်းမိုးနေတယ်~ သူ့ကိုဆွေးနွေးဖို့ ခေါ်တည်းက Naruto or Sasuke တစ်ယောက်ယောက် အကြောင်း ဖြစ်ရမယ်လို့ Kakashi တွေးလိုက်တယ်~ ဒီကလေးနှစ်ယောက်နဲ့ ပတ်သက်လို့ အရမ်းဆိုးရွားတာတွေ မဖြစ်စေချင်လည်း နှစ်ယောက်လုံးက စွမ်းအားကြီးလာမယ့် သူတွေမို့..........

"Hai Tsunade-sama"

သူမြင်ရတဲ့ ဆောင်းရာသီရဲ့. အဖြူရောင် နှင်းဖတ်တွေဟာ အစိမ်းရောင် Konoha ရွာကြီးကို ငွေရောင်အသွင် ဖြစ်သွားစေတယ်~ ❄ တဖွဲဖွဲဖြာကျနေတဲ့ နှင်းပွင့်တွေဟာ အရမ်းကို အေးစက်နေမလား? အရမ်းပဲ လှပနေမလား? ဒီအချိန်ဒီအခါမှာ mission ထွက်နေရတဲ့သူတွေ အရမ်းပဲ ခက်ခဲပင်ပန်းနေရော့မလား?? သူတွေးနေတာကို Tsunade လည်း တွေးနေလောက်ပါတယ်~

"Team Ro ရှုံးသွားတဲ့ရန်သူကို မင်းသိမှာပဲ"

"Hai"

"အဲ့ရန်သူက..."

".............."

အတွေးထဲမှာ မဟုတ်ပါစေနဲ့ တွေးနေပေမယ့် Tsunade နှုတ်ဖျားက ထွက်လာမယ့် နာမည်တစ်ခုကို သူအရမ်းစိုးရိမ်နေတယ် 😞 အထူးသဖြင့် Naruto~~ သူငယ်စဉ်တည်းက အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရတဲ့ ကလေး~ ရွာအတွက် အသက်ပေးသွားတဲ့ 4th Hokage သူ့ဆရာရဲ့. တစ်ဦးတည်းသော သား~ ဘယ်အချိန်ပဲဖြစ်ဖြစ် မိခင်မေတ္တာ ဖခင်မေတ္တာ ငတ်ခဲ့ရတဲ့ Naruto အတွက် သူပိုပြီး စိတ်ပူတယ် 😔

အဖေမရှိဘဲ ရှင်သန်ရတဲ့ဘဝဟာ ဘယ်လိုလဲ ဘယ်လိုခံစားရခက်လဲ သူသိလို့ပါ 💔

"အဲ့ရန်သူက မင်းသားလေး Hikaru ကို လိုက်နေတာ.. ဒါပေမယ့်..."

"........"

"သူ့ပစ်မှတ်က မင်းသားလေး တစ်ယောက်တည်း မဟုတ်ဘူး..😔"

"ကျွန်တော် သိနေပါတယ်"

မဟုတ်ပါစေနဲ့ ဆိုတဲ့ ဆုတောင်းတွေဟာ ရေလှိုင်းတစ်ချက်မှာ လဲပြိုသွားတဲ့ သဲနန်းတော်လို အစအန မရှိ ပျောက်သွားရတယ် 🌊

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

အရင်ချိန်ဆို ချယ်ရီပန်းတွေ ဝေဆာနေတဲ့ ချယ်ရီပင်တန်းကြီးဟာ အခုတော့ နှင်းလေဖြူးဖြူးနဲ့ အဖြူရောင်ကမ္ဘာကြီး ဖြစ်လို့နေပြီ~ ချယ်ရီတို့ ကကြိုးဆင်စဉ်အခါက ဇာတ်လမ်းလေးတွေရှိခဲ့ဖူးသော ထိုနေရာလေးမှာ နောက်ထပ် ဇာတ်လမ်းတွေ ဖြစ်လာနိုင်မလား မည်သူမှမသိနိုင်ပါချေ 😊😉

I don't mind ||Completed||Donde viven las historias. Descúbrelo ahora