♥ Episode 3 (unicode)

577 61 2
                                    

Naruto နဲ့ Sasuke တို့အပေါ် Kakashi ပေးတဲ့ အပြစ်ဒဏ်က တစ်နေကုန်သွားခဲ့ပြီ~ အခုထိ လက်ကဖြုတ်လို့မရသေး.. နှစ်ယောက်သား ဘယ်မှမသွားချင်တာမို့ Naruto အိမ်ထဲမှာပဲ စာအုပ်ဖတ်လိုက် TV ကြည့်လိုက်လုပ်နေကြရတာ~~ နေနိုင်တဲ့လူကနေနိုင်ပေမယ့် မနေနိုင်တဲ့ Sasuke က Naruto ရဲ့ မဟာ အမှိုက်ပုံကြီးကိုရှင်းလိုက်ရသေးရဲ့။ ဒါတောင် Naruto က မကူညီချင်ဘူး...

"oh..kakoii... ပြောင်ရှင်းနေတာပဲ"

"😒 ထူးဆန်းလား"

"ငါဒီလိုမျိုးတစ်ခါမှမမြင်ဖူးဘူး haha"

"ဘယ်မြင်ဖူးမလဲ ရှင်းမှမရှင်းတာ dobe!"

"oi..!!! ငါ့ကို dobe လို့မခေါ်နဲ့ "

(dobe (ဒိုဘဲ့) = idiot)

ပိကျိပိကျိနဲ့ရန်ဖြစ်ပြီး အလိုမတည့်ဖြစ်ကာ ကျောပေးထိုင်လိုက်ပြီးနောက် နှစ်ယောက်သား မောသွားပုံနဲ့ ငြိမ်ကျသွားပြန်တယ်~ အဲ့အချိန်မှာ Sasuke က စာရွက်လိပ်ကိုယူဖတ်တယ်~ Naruto က TV ဆက်ကြည့်တယ်~ 15 min လောက် ကြာသွားတော့ ပျင်းသွားပြန်တယ်~ ဒီလိုလက်ကြီးတွဲနေတာနဲ့ ရွာထဲလျှောက်သွားနေလို့မှမသင့်တော်တာကို..... အိမ်ထဲမှာ နေတာကြာလာပြန်တော့လည်း ပျင်းတယ်

"ငါ့ရဲ့. daily routine လည်းမလုပ်ရဘူး "

"မင်းကဘာလုပ်လို့လဲ"

"ငါကနေ့တိုင်း exercise လုပ်တယ်လေ.. ဒါမှ ခန္ဓာကိုယ်က အမြဲတမ်းသွက်လက်နေမှာ.."

"ဒါဆိုမင်းကစာမကျက်ဘူးပေါ့"

"လုံးဝပဲ 😪"

//Genin ဘယ်လိုဖြစ်လာလဲမသိ 😒//

Sasuke လည်း သူမကြားအောင် ပွစိပွစိပြောလိုက်ရင်း စာရွက်လိပ်ကိုဖတ်ကြည့်တယ်~ တကယ်ကိုဘာမှသေချာမမှတ်ထားဘူး  အဲ့အကောင် ဘယ်လိုမျိုးကျော်ခွပြီး Genin ဖြစ်လာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး~ Sakura ကမှ သူ့ထက်ပိုတော်ဦးမယ်...

စာရွက်လိပ်ကိုဘေးတွန်းလိုက်ချိန် အတွေးထဲမှာ နောက်တစ်မျိုးဝင်လာပြန်တယ်~

အရေးကြုံလာတဲ့အခါတိုင်း Sakura က လူဆိုးလက်ထဲရောက်သွားတတ်တယ်~ မိန်းကလေးလည်းဖြစ်တော့ သူတို့နှစ်ယောက်လောက် ဘယ်မြန်ပါ့မလဲ.. အဲလိုအချိန်တိုင်း Sakura ကို ကယ်ဖို့ Naruto နဲ့ပဲ ပူးပေါင်းတိုက်ခိုက်ခဲ့ရတယ်.. စာမကျက် စာမဖတ်ပေမယ့် အရေးအကြောင်းဆိုရင် ခေါင်းထဲက plan တွေ ထွက်လာတတ်တဲ့ Naruto ကြောင့်သာ Sakura ကို အချိန်မှီကယ်နိုင်ခဲ့တယ်...

I don't mind ||Completed||Onde histórias criam vida. Descubra agora