♥ Episode 22 (unicode)

367 33 0
                                    

အပြေးအလွှား သွားနေတဲ့ ခြေသံတစ်စုံဟာ ဆေးရုံတစ်ခုလုံးကို မြည်ဟီးသွားတယ်.. ပြေးနေတဲ့လူရဲ့.စိတ်အစဉ်ဟာလည်း ဆောက်တည်ရာမရဘဲ တုန်လှုပ်နေခဲ့တယ်~ ကိုယ့်အတွက် ကြီးကြီးမားမားပိုင်ဆိုင်မှုဟာ ကိုယ့်လက်ထဲက ထွက်သွားခဲ့ပြီလားဆိုတဲ့ အတွေးနဲ့ ပြေးလွှားနေခဲ့တယ်!!!

"Oi!! ဒီကိုမင်းဝင်လို့မရ...ah!!"

လမ်းကလူတွေကို အကုန်တွန်းဖယ်ရင်း တားမြစ်ထားတဲ့ အခန်းတံခါးကို ဝုန်းကနဲတွန်းဖွင့် ဝင်ခဲ့ပြီးနောက်မှာ မဟုတ်ပါစေနဲ့ဆိုတဲ့ အတွေးတွေ လုံးဝလွဲချော်ပျောက်ရှသွားရတယ် 🍃 သူအရမ်းချစ်ရပါသော သူ့ရဲ့တစ်ဦးတည်းသော အစ်ကိုဖြစ်သူသည် တိတ်ဆိတ်သောဆေးရုံအခန်းထဲဝယ် ငြိမ်သက်စွာ အိပ်စက်နေတယ်.. အိပ်စက်နေသည်လား မေ့မျောနေသည်လား မသဲကွဲလောက်အောင် Sasuke မျက်ဝန်းတွေမှာ မျက်ရည်တွေနဲ့ ပြည့်လျှံလာခဲ့တယ်💧အနောက်က ဖြည်းဖြည်းချင်း လိုက်ဝင်လာတဲ့ Kakashi မှာ ဖြေရှင်းချက် ပေးဟန်မရှိပေ.. အကုန်လုံးက သူပေါ့ဆခဲ့တာဖြစ်လို့ Sasuke မုန်းလည်းခံရမယ်ဆိုတဲ့ အသိစိတ်နဲ့ နှုတ်ဆိတ်နေတယ်...

"Kakashi..ပြောပါ.. အဲဒါ nii-san မဟုတ်ဘူးလို့ ပြောပါ 😐"

"......"

"သူမဟုတ်ဘူးမလား Kakashi"

"........"

"Kakashi!!!!!😡"

မယုံကြည်နိုင်မှု စိုးရိမ်မှု ရှုပ်ထွေးမှုတွေ အကုန်ရောယှက်ကာ သူမသိလိုက်ခင်မှာပဲ သူ့ဆရာဖြစ်သူရဲ့ အင်္ကျီ ကို ဆွဲပြီးသားဖြစ်နေခဲ့ပြီ~

"ပြောလေ Kakashi!!! ကျွန်တော့်ကိုဖြေ...😡!!"

"အဲဒါ မင်းအစ်ကိုပဲ"

Kakashi အင်္ကျီ ကို ဆွဲဆုပ်ထားတဲ့ Sasuke လက်တွေ တုန်ယင်လာတယ်.. တင်းထားသမျှ ဒေါသတွေဟာ မျက်ရည်အဖြစ် ပြောင်းသွားပြီး ရေတံခွန်သဖွယ် စီးကျလာခဲ့တယ်~ တုန်ယင်နေသောလက်တွေဟာ ရုပ်သေးရုပ် ကြိုးပြတ်သွားသလို ပြုတ်ကျသွားပြီး Sasuke နှုတ်မှ တစ်ခွန်းပဲထွက်လာခဲ့တယ်~

"ကျွန်တော် Hokage နဲ့တွေ့မယ်.."

Kakashi လိုက်လျောရုံမှတစ်ပါး မရှိပေ 😦
×
×
×
×
×

I don't mind ||Completed||Onde histórias criam vida. Descubra agora