[ Unicode]
ကြီးမားသောကခြံဝန်းကြီးထဲတွင် ခမ်းနားစွာတည်ဆောက်ထားသော နန်းတော်တမျှကြီးမားတဲ့ထိုအိမ်ကြီးထဲတွင် ထိုနေ့က...သွေးရောင်တို့ဖြင့်လွှမ်းခဲ့တာပေါ့...
ထိုနေ့မှစ၍...အမုန်းတို့ဖြစ်တည်ခဲ့သည်...။"သား..သွားတော့! Appa စကားကိုနားထောင်..."
Mr. Jeon သည် Mrs. Jeon ရဲ့အသက်မဲ့နေတဲ့ရုပ်အလောင်းကိုပိုက်ကာ သားဖြစ်သူ Jungkook ကိုထိုနေရာမှထွက်သွားရန် မနည်းအားတင်းကာပြောနေသည်။
"ဟင့်အင်း...သား Appa ကိုတစ်ယောက်ထဲ..."
"Jungkook!!!! ...Appa မှာအချိန်မရှိဘူး...သား သွားပါတော့ကွယ် ဒီနေ့ကိုသားခေါင်းထဲမှာမြဲမြဲမှတ်ထား..."
Jungkook Mr. Jeon ပြောသမျှကိုမျက်ရည်ဝိုင်းကာနားထောင်နေမိသည်။ သူတို့မိသားစုကဘယ်လိုကြောင့် ဒီလိုအဖြစ်ဆိုးမျိုးကြုံရတာလဲ အဲ့တာကြောင့်မို့ပြောတာ ကျွန်ယုံရင်တဖက်ကန်းတဲ့ အခုတော့တဖက်ကမ်းယုံတင်မကလို့ ဘဝပါဆုံးပြီ...။
Jungkook လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။
*ချွင်! ချွင်!*
"အစ်ကိုကြီး! ...လုံအောင်ပုန်းနော်"
အပြင်ဘက်မှ လူယုတ်မာကောင်ရဲ့ အသံသည်သူတို့ပုန်းနေရာ နေရာနှင့်နည်းကပ်လာသည်။ကြမ်းပြင်ကိုယှက်တိုက်လာတဲ့ ဓားသံတွေ...!
"Jungkook"
"Appa"
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လိုက်ရင်း မျက်လုံးနဲ့သာထာဝရနှုတ်ဆက်လိုက်တော့သည်။ ပြီးနောက် Mrs. Jeon ဘက်တစ်ချက်ကြည့်ကာ Jungkook မြေအောက်ခန်းသို့ဝင်လိုက်တော့သည်...။
"အား!!!!!!..."
ခြံပြင်ရောက်တာနဲ့ကြားလိုက်ရတဲ့ Appa အသံကြောင့် Jungkook မျက်ရည်တွေကြားကနေ
အံကိုတင်းတင်းကြိတ်ကာ အိမ်ကြီးဆီတစ်ချက်ကြည့်လိုက်သည်။"Appa Omma သားပြန်လာခဲ့မယ်!!!"
Jungkook ထိုနေရာမှပြေးထွက်ခဲ့တော့သည်။
သွားစရာနေရာလဲမရှိ၍ ခြေဦးတည့်ရာကိုပြေးနေမိတော့သည်...။ ၁၃ နှစ်အရွယ်သာရှိသေးသည့်သုူ့အတွက် မျက်စိရှေ့တွင်ဖြစ်ပျက်သွားသော အရာများဟာအိမ်မက်တစ်ခုလို့...။ သေချာတာကတော့ သူဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လက်စားချေရမည်ဆိုတာ ခေါင်းထဲမှာအမြဲမှတ်ထားလိုက်တော့သည်။