☦18☦

11K 1K 35
                                    


[Unicode]

"JungKook! လွှတ် ဘာလုပ်တာလဲ...အ"

သန့်စင်ခန်းသွားမယ်ဆိုပြီး သူတို့စကားဝိုင်းမှထလာခဲ့တော့ ဘယ်အချိန်ကတည်းကလိုက်လာမှန်းမသိ  JungKook သည်လည်းကပ်ပါလာခဲ့သည်။ သန့်စင်ခန်းထဲဝင်ဝင်ချင်း သူ့ကိုနံရံဆီစောင့်တွန်းလိုက်တော့ ကျောအောင့်သွားသည်။

"Kim TaeHyung!!! မင်းဒါဘာသဘောလဲ ဟမ်!"

JungKook မျက်လုံးတွေသည် မျက်ရည်တို့ဖြင့်ရစ်သိုင်းကာ နီရဲနေသည်။ သူ့ပခုံးနှစ်ဖက်ကိုအားပြင်းပြင်းဖြင့်ဆုပ်ကိုင်ထားတာကြောင့် သူသည်လည်းမျက်ရည်တို့ရစ်သိုင်းလာခဲ့သည်။
သေချာတာကတော့ ပခုံးကနာကျင်မု့ကြောင့်တော့မဟုတ်

"JungKook... "

"ဖြေလေ...မင်းငါ့ကိုကစားနေတာလား"

JungKook အမေးကြောင့်သူဘာမှမဖြေနိုင်ဘဲခေါင်းကိုသာငုံ့ထားသည်။

"Kim TaeHyung!!! "

"ဟုတ်တယ် ခင်ဗျားကို ကစားနေတာ ခင်ဗျားနဲ့ပြတ်ပြီ !"

"ဘာ!!! ငါမျက်နှာကိုကြည့်ပြီးပြောစမ်း"

"ဟိုမှာလူတွေဝင်လာပြီ  ဒီကိစ္စကိနောက်မှပြောမယ်!"

TaeHyung က သူ့ပခုံးအားဝင်တိုက်ကာထွက်သွားတော့သည်။

*ဘာ...ပြတ်ပြီ ဟုတ်လား!ငါမင်းကိုဘယ်တော့မှလွှတ်မပေးဘူး!!!*

☸☸☸



ကမ်းခြေကနေ JungKook နဲ့သူပြန်လာပြီး သူ့တိုက်ခန်းတွင်သာ နေခဲ့လိုက်သည်။

"ကိုယ်သွားတာ့မယ်နော်..."

"အင်း..ဂရုစိုက်ပြီးပြန်"

JungKook ကိုသူဖက်ကာပြောလိုက်တော့ JungKook ကသူ့နဖူးအားနမ်းကာ ပြုံးပြရင်းထွက်သွားသည်။

JungKook ထွက်သွားပြီးမကြာခင်  Appa ဆီမှ Message တစ်စောင်ဝင်လာခဲ့သည်။

📩

"Fire Hotel ကိုအခုချက်ချင်းလာခဲ့..."

သူလည်းထိုစာကိုဖတ်ပြီး စိုးရိမ်စိတ်တို့မြင့်တက်လာသည်။ Appa ကဘာအတွက်ကြောင့်သူ့ကိုအခုလို တိတ်တဆိတ်ခေါ်ရတာလဲ...သူအတွေးတို့ရောက်ယက်ခတ်ကာ Appa ပို့ထားတဲ့ လိပ်စာအတိုင်းထွက်ခဲ့သည်။

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now