[Unicide]
⚛⚛⚛
သူ့မျက်လုံးဝိုင်းဝိုင်းတွေသည် သူ့အား ညှို့ယူနေသလိုခံစားနေရသည်။
သူ့အားစိုက်ကြည့်နေသော သူ့မျက်ဝန်းညှိုတွေသည် လူတစ်ယောက်ကိုသိမ်ငယ်စေသည်။
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်နေတဲ့အချိန် ဘေးပတ်ဝန်းကျင်ကိုတောင် သူသတိမေ့နေခဲ့သည်ဆိုတာကို သူဝန်ခံပါသည်။ ထပ်ပြီးကြည့်နေရင် သူတို့ကြားကစည်းပြေပြေကိုချိုးဖောက်မိတော့မည်ဖြစ်သည်။
ဟင့်အင်း...သူကအန္တရာယ်ရှိတယ်!
JungKook ခင်ဗျားက တကယ်ကို...!!!
သူ့ဘက်မှအရင် အကြည့်လွှဲကာ တလိမ့်လိမ့်တက်နေတဲ့လှိုင်းလုံးတွေဘက်အကြည့်ပို့လိုက်သည်။
"ပြန်ရအောင် အပြင်မှာအေးလာပြီ"
သူ့အသံကြောင့် TaeHyung ပြန်လှည့်ကြည့်ကာ
"အင်း" ဟုဆိုမိသည်။
လာတုန်းက ဘေးချင်းယှဉ်လျှောက်လာသော သူတို့နှစ်ယောက်သည် အခုတော့ခပ်ခွာခွာဖြင့်...။ သူက အရှေ့ကနေပုံမှန်းအတိုင်းလျှောက်နေပေမယ့် သူတစ်ယောက်ထဲစိတ်မလုံစွာ ဖြေးဖြေးလျှောက်နေမိသည်။
ဒီအခြေအနေကဘာမှန်းသူမသိပေမယ့်...ပင်ပန်းသည်။ တကယ်ကိုနေရခက်သည့်အခြေအနေမျိုးကြီး...
TaeHyung ခေါင်းငုံ့ကာ မျက်လုံးတွေကိုလဲသဲဖြူဖြူတို့ဆီသာ အကြည့်ပို့ရင်းလျှောက်လာခဲ့သည်။
"အ!"
သူ့ခန္ဓာကိုယ်သည်အနောက်ကို တစ်လှမ်းလောက်ရောက်သွားသည်။
*ငါတိုက်မိသွားတာ JeonJungKook ရင်ဘက်ကြီးလား! *
"ဘာလို့ငုံ့ပြီးလျှောက်နေတာလဲ အဲ့ဒီတော့ငါ့ကိုတိုက်မိပြီပေါ့"
"ခင်ဗျားကဘာလို့ရပ်နေတာလဲ သွားမယ့်ဟာမသွားဘဲနဲ့"