[Unicode]
"အင်း..."
JungKook အိပ်နေရင်း ရင်ခွင်ထဲတိုးဝင်လာတဲ့ ကိုယ်လေးကြောင့် နိုးလာခဲ့သည်။ ခန်းစီးကြားမှထိုးထွက်နေတဲ့ အလင်းနုနုကြောင့်မိုးလင်နေပြီဖြစ်ကြောင်း သူသိလိုက်သည်။ စားပွဲပေါ်မှနာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၇နာရီထိုးပြီးသွားပြီဖြစ်သည်။ ရင်ခွင်ထဲတိုးဝင်နေတဲ့ လူသားလေးကတော့ အပူပင်မရှိအိပ်ပျော်နေတုန်း...။
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်အပြာလေးများကို သပ်ပေးလိုက်ပြီး အနမ်းခြွေမိပြန်သည်။ ကောင်လေးရဲ့ လည်တိုင်ကျော့ကျော့ထက်အကြည့်ရောက်မိပြန်တော့ ညကသူ့ဘက်ကအရင် စည်းဖောက်မိကြောင်းသက်သေပြနေသည်။ ဆက်ကြည့်နေရင် ထပ်ပစ်မှားမိမှာမို့ စိတ်ကိုထိန်းချုပ်ကာထွက်လာခဲ့သည်။
ညကတောင် TaeHyung အပေါ်မှာသူမနည်းထိန်းချုပ်ထားခဲ့ရတာ ယခုလည်းထိန်းချုပ်ရပေအုံးမည်။ အခုသူ့အခြေအနေက TaeHyung အပေါ်ဒီလိုစိတ်မျိုးထားလို့မရတဲ့အခြေအနေတစ်ခု...
သူချစ်တဲ့ TaeHyung က သူရဲ့ယခုလက်ရှိ ဇနီးရဲ့ မောင်အရင်းတစ်ယောက်...။"ဟင်း..."
JungKook မှန်ရှေ့တွင်မြင်နေရသည့် ကိုယ့်ကိုကိုယ် ကြည့်ရင်းသက်ပျင်းချမိသည်။
"အချိန်တစ်ခုပေါ့ ကလေးရယ်..."
JungKook မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှထွက်လာတော့ TaeHyung က ကုတင်စွန်းတင်ထိုင်ကာ ငိုက်နေသည်။
JungKook နှုတ်ခမ်းစွန်းတို့ကော့တက်သွားသည်အထိပြုံးကာ သူ့ရဲ့ဖုန်းဖြင့် ထိုပုံလေးကိုရိုက်ထားလိုက်သည်။"Kim TaeHyung.... Kim TaeHyung!!! "
JungKook TaeHyung ရဲ့အနားကိုတိုးကပ်ကာအော်နှိုးလိုက်သည်။
"ဟာ! ဘာလို့လာအော်နေတာလဲ နှိုးပြီ"
TaeHyung ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကိုပြူးပြဲဖွင့်ကြည့်မိတော့
*Jeon JungKook!!! *
"နှိုးရင်လဲထ ငါတို့ပြန်ဖို့လုပ်ရအုံးမယ်"
"ဟုတ်ကဲ့! JungKook ကိုအားနာစရာကြီးဖြစ်သွားပြီ ကျွန်တော့်အခန်းထိတောင်လာနှိုးပေးတယ်...ဟီး..."