[Unicode]ညရဲ့မှိန်ပြပြအလင်းရောင်အောက်တွင် Seoul မြို့ကြီးသည် လရောင်ကဲ့သို့မိန်ပြပြတော့မဟုတ် တစ်မြို့လုံးကိုလင်းထင်နေအောင်ထွန်းလင်းထားသော ရောင်စုံမီးလုံးများကသက်သေဖြစ်သည်။ အချိန်ကမှောင်နေသော်လဲ မြို့အတွင့်အနှံ့ဖွင့်ထားသော ဆိုင်တန်းများနှင့် club များကတော့ လူတော်တော်များများနှစ်သက်သည့်နေရာတစ်ခု...။
အဖြူ အနီ အပြာ သုံးရောင်ခြယ်မီးလုံးအရှည်သည် ချောင်ကျကျ club တစ်ခုရှေ့တွင်မြင်နေကျအရာတစ်ခုဆိုလဲမမှားပေ။ ထို club ရှေ့သို့ဇိမ်ခံကားတစ်စီးထိုးရပ်လိုက်သည်။ ထိုကားပေါ်မှအသက် ၅၀ အရွယ်ဟုထင်ရလောက်သောလူတစ်ယောက်ဆင်းလာကာ ထို club ထဲသို့ဝင်သွားသည်။ ရောင်စုံမီးလုံးများကြား ကခုန်နေသောလူအုပ်ဘေးမှခပ်ခွာခွာသွားကာ VIP Room တစ်ခုထဲသို့ ထိုလူ ဝင်သွားသည်။
"ရောက်တာကြာပြီလား"
"မကြာသေးပါဘူး သူဌေး Kim "
"ပြောပါအုံး အဲ့ဒီ့ကိစ္စ..."
"သူဌေး ကျွန်တော်တို့ ဘရာဇီးမှာစိုက်နေကျ ဘိန်းဖြူတွေကိုနဲနဲလောက်အရေအတွက်လျော့လိုက်ရင်ကောင်းမယ်ထင်တယ်"
"ဘာဖြစ်လို့လဲ ငါအခုတလော money တွေလိုနေတယ် ငါတို့မှာမျှော်ကိုးစရာက ဘရားဇီးကစိုက်ခင်းတွေပဲရှိတာ"
"ကျွန်တော်ပြောချင်တာလဲအဲ့တာပဲ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ဘရာဇီးမှာအရေအတွက်လျော့ပြီး ဥရုဂွေးဘက်ပြောင်းရင်ကောင်းမယ်"
"ဆိုစမ်းပါအုံး"
"ဟိုမှာဆိုကျွန်တော်တို့စိုက်ပျိုးစရာမလိုဘဲ ပိုပြီးလဲနှစ်ဆမြတ်မယ်"
"ဘယ်လို!နှစ်ဆတောင်...ဟုတ်လား?"
မီးမိန်ပြပြအောက်မှ Mr. Kim ရဲ့မျက်လုံတွေအရောင်လက်သွားသည်။
"ဟုတ်ပါတယ်...ဥရုဂွေးမှာ အဲ့ဒီ့ကိစ္စတွေကတရားဝင်ဘဲ အစိုးရကိုယ်တိုင်ကိုက စီးပွားရေးတစ်ခုအဖြစ်ထောက်ခံထားတယ်လို့ကြားတယ် "
"ကောင်းပြီ...ဒါနဲ့ငါတို့လုပ်ရမှာက?"
"ဘရားဇီးက ကျွန်တော့်အသိ Mr. Nick ကချိတ်ပေးလိမ့်မယ် ငွေသားက ဝမ်သိန်းတစ်ထောင်လောက်တော့ မြှုပ်နှံရမယ် တစ်ထောင်ဆို ကျွန်တော်တို့ရမှာက နှစ်ဆနော် သူဌေး..."