[Unicode]
စာကြည့်ခန်းထဲတွင် ထိုင်ကာ Mr. Kim တစ်ယောက် စဉ်းစားခန်းဖွင့်နေလေသည်။ သူထင်ထားသလိုမျိုး သူ့အကြောင်းတွေဖော်ထုတ်နေသူက JungKook ဟုတ်လား မဟုတ်ဘူးလား ဆိုတာပင်။
တစ်ခါတလေ သူနဲ့စကားပြောနေသည့် JungKook မျက်လုံးတွေကို သူသတိထားမိတာက
"စူးရဲသည်,, ညှို့ဓာတ်အားပြင်းသည်,, ဘာကိုမှ မကြောက်တတ်တဲ့ အကြည့်မျိုး"တွေ ကိုသူမြင်နေကြ...
ဒီလိုမြင်တိုင်း သူ့သံသယတွေ ပိုတိုးလာလေဖြစ်သည်။
*Flash back*
လွန်ခဲ့သော ၉ နှစ်ခန့်...
"သခင်လေး ပျောက်သွားပါတယ်"
"ဘာပြောတယ်!!! မင်းတို့ဒီကလေးလေးတစ်ယာက်ကိုတောင်မရှာနိုင်ဘူးလား ဟမ်!!!"
Mr. Kim ရဲ့ အော်သံကြောင့် အကုန်လုံးကြောက်ရွံ့နေကြသည်။
"အိမ်တော်ထိန်း Kim ကလေးကိုသတ်ဖို့လိုလို့လား"
ခြံစောင့်ဖြစ်တဲ့ Arjushi Go ကလှမ်းမေးလိုက်သည်။
"Arjushi Go ခင်ဗျားရူးသွားပြီလား ဒီကလေးအသက်ရှင်နေမှတော့ ကျွန်တော်တို့အားလုံး ပဲထမင်းစားရမှာပေါ...ဘာလဲ ခင်ဗျားကနောက်ဆုတ်ချင်နေတာလား"
Arjushi Go ရဲ့နားထင်ကို Mr. Kim ကသေနတ်နဲ့လှမ်းထောက်ရင်း မေးလိုက်တော့
"မ-မဟုတ်ပါဘူး..."
"အဲ့ဒါဆို အဲ့ကိစ္စကို ခင်ဗျားပဲဖြေရှင်းလိုက်! တပတ်အတွင်း သူ့အလောင်းမြင်ချင်တယ်"
"ဟုတ်-ဟုတ်ကဲ့"
ပြသနာဖြေရှင်းပြီးမကြာခင် Mr. Kim ရဲ့ဖုန်းထဲ message တစ်စောင်ဝင်လာခဲ့သည်။
"ဒီမနက်သတင်းမှာ ပါလာလိမ့်မယ်"
"ကောင်းပြီ! မင်းတို့သရုပ်ဆောင်ဖို့ပြင်ထားကြ"
*End*
လွန်ခဲ့သော ၉ နှစ်ကအကြောင်းတွေကိုသူပြန်စဉ်းစားမိတော့ သူ့သခင်လေးဟာ တကယ်ပင်သေဆုံးသွားခဲ့ပြီပဲ...
"ဟုတ်တယ်...သခင်လေးကအသက်ရှင်စရာအကြောင်းမှမဖြစ်နိုင်တာ ငါအတွေးလွန်နေပြီ"