[Unicode]
Jungkook, Nam joon နဲ့ Jin တို့သုံးယောက်သားထမင်းစားနေကြသည်။
"JungKook မင်္ဂလာဆောင်ကဒီတပတ်အတွင်းမှာနော်..."
"အင်း..."
"JungKook ကမင်္ဂလာဆောင်တော့မှာလား..."
Jin ကနားမလည်သလိုမေးလိုက်တော့ Namjoon ပြုံလိုက်ပြီး
"ကျွန်တော် Hyung ကိုမပြောရသေးဘူးကို JungKook က Kim group ကသမီးကြီးနဲ့ဒီတပတ်အတွင်းမင်္ဂလာဆောင်မှာ..."
"သြော်..."
_Ring!!!
JungKook ဖုန်းကိုင်လိုက်ပြီး...
.Hello!
.....
. Ar... စောင့်နေရတာကြာပြီလား ?sorry ကိုယ်အခုလာခဲ့မယ်
ဖုန်းချသွားတာနဲ့ JungKook ချက်ချင်းသွားရန်ပြင်လိုက်သည်။
"JungKook ဘယ်သူလဲ?"
"ပြန်လာမှပဲပြောတော့မယ် ...ဒါနဲ့ Hyung Magic Shop Cafe' ကဘယ်နားမှာလဲ...အာ
...Arjushi သိတယ်မလား"Jungkook ပြောကာအလျင်အမြန်ထွက်လာခဲ့သည်။ မနေ့ကတည်းက ဟိုကောင်လေးဖုန်းဆက်ထားတာကိုမေ့နေတာ အခုသူဖုန်းဆက်မှပဲသတိရတော့သည်...။
"Arjushi Magic shop Cafe' ကိုတစ်ချက်လောက်! မြန်မြန်လေး!"
"Nae"
At Magic Shop Cafe'
JungKook ဆိုင်ထဲအမြန်ဝင်သွားပြီး ဟိုကောင်လေးကိုရှာမိသည်...မတွေ့ အနောက်တိုင်းဝတ်စုံနဲ့လူတစ်ယောက်က သူ့ကိုလက်ထောင်ပြသည်။ သူလဲထိုလူဆီသို့လျှောက်သွားလိုက်သည်...။
" မင်းက!?"
"အစ်ကိုလေးက ဖုန်းပေးခိုင်းလိုက်ပါတယ်"
"အစ်ကိုလေးဆိုတာ ဟိုဆံပင်အစိမ်းရောင်လေးနဲ့ ကောင်လေးလား?"
"ဟုတ်ပါတယ်...အစ်ကိုလေးက လေယာဉ်မမှီမှာစိုးလို့ ကျွန်တော်ကိိုိခိုင်းလိုက်တာပါ..."
#လေယာဉ်ချိန်! ...သူကဒီမှာနေတာမဟုတ်ဘူးလား? ထားပါ! ငါ့ကိစ္စမှမဟုတ်တာ!"
"Ok! ဒီမှာဖုန်း"
"ဟုတ်ကဲ့"
ဖုန်းလဲလိုက်ပြီးတော့ JungKook လဲထွက်လာခဲ့လိုက်သည်...။