[Unicode]"သူဌေး ကျွန်တော်တို့ရဲ့ လုပ်ငန်းသစ်ကအောင်မြင်လို့ မနက်ဖြန်ပိုက်ဆံတွေရတော့မယ်"
ထိုစကားကြောင့် Mr. Kim ကကျေနပ်စွာပြုံးလိုက်ရင်း
"ဟာ စိတ်ချမ်းသာစရာတစ်ခုတိုးလာပါလား"
"ဘာဖြစ်လို့လဲ သူဌေး "
"သြော်....ဒီလိုပါပဲ မနေ့ကငါရှင်းခိုင်းတဲ့ကိစ္စတစ်ခုအဆင်ပြေသွားလို့လေ "
*ဒေါက်...ဒေါက်*
"အေး...ဝင်ခဲ့"
"သူဌေး အရှေ့မှာ ရဲတွေရောက်နေပါတယ်"
"ဘာ....!!! "
"ကျွန်မဘယ်လိုလုပ်ရမလဲ "
"ငါမရှိဘူးပြောလိုက်"
"ဟုတ်ကဲ့"
အတွင်းရေးမှူးကထွက်သွားမည်အလုပ် ဝင်လာသော ရဲတွေကြောင့် Mr. Kim ထိတ်လန့်သွားသည်။
"Mr.Kim ခင်ဗျားကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု့ JeonJungKook အားလုပ်ကြံမှု့ဖြင့်ဖမ်းလိုက်ပါပြီ ရေ့နေခေါ်ခွင့်ရှိပါတယ်"
"နေကြပါဦး ခင်ဗျားတို့မှာသက်သေရှိလို့လား"
"ခင်ဗျား ဂျပန်ကိုလွှတ်ထားတဲ့တပည့်တစ်ယောက်က ဝန်ခံလိုက်ပါပြီ ပြီးတော့ JeonJungKook ကိုလုပ်ကြံမှု့မှာလည်း သူ့ရဲ့ black box ကတဆင့် ခင်ဗျားရဲ့ကားနံပါတ်ကိုရိုက်မိထားပါတယ် ဒီလောက်ဆိုခိုင်လုံပါပြီနော် သူ့ကိုဖမ်းခေါ်လာခဲ့"
"တောက်!"
Mr. Kim ရဲ့မကျေမနပ်တောက်ခေါက်သံသည် ရုံးခန်းကျယ်ကျယ်အတွင်းပျံ့လွှင့်သွားသည်။
☸☸☸
"Mr.Kim Namjoon ကိုဒီအမှု့မှာပူးပေါင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
"ရပါတယ်ဗျာ အခုကိစ္စကိုကျွန်တော်ကဝင်မပါချင်ပေမယ့်လည်း ကျွန်တော့်ညီလေး ကိုပါထိခိုက်လာတော့ ကျွန်တော်မပါလို့မဖြစ်တော့ဘူးလေ"
"ဟုတ်ကဲ့...Ceo Jeon ရဲ့ကျန်းမာရေးက အဆင်ပြေရဲ့လား"
"ခွဲစိတ်မှု့ကအောင်မြင်ပေမယ့် အခုထိတော့သတိမရသေးပါဘူး"