[Unicode]
လိမ္မော်အနီရောယှက်နေသော နေလုံးကြီးသည်
ပင်လယ်ထဲသို့ တဖြေးဖြေးထိုးဆင်းသွားခဲ့ပြီဖြစ်သည်။ ရေကစားထား၍နှစ်ဦးစလုံးရဲ့ shirt ဖြူဖြူတို့က ခန္ဓာကိုယ်နှင့်ကပ်နေကာ ဖြူသောအသားအရေတို့ကိုပါ တစွန်းတစမြင်နေရသည်။Jungkook က TaeHyung အားကျောပိုးလျက် သဲဖြူဖြူတို့ကိုနင်းဖြတ်လျက် ခြေရာတွေအဖြစ်ထင်ကျန်ရစ်စေသည်။
"ကျွန်တော်စဉ်းစားထားတယ် JungKook ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ"
အဆက်စပ်မရှိသော Babe စကားလုံးများတွင် သူ့ရင်ကိုခွဲမည့်ဓားတွေပါနေသည်။ ကိုယ်မကြားချင်ဘူး babe ကိုယ်မကြားချင်ဘူး...
ဆက်ပြောလာမည့် TaeHyung စကားတွေကိုသူခံနိုင်ရည်မရှိစွာ မျက်ရည်တို့စီးကျလာခဲ့သည်။
"ကျွန်တော်တို့က မှားယွင်းနေခဲ့ပြီ မဖြစ်နိုင်တော့ဘူး ကျွန်တော်တို့ လမ်းခွဲကြရအောင်"
TaeHyung က JungKook လည်ပင်းအား သူ့လက်မောင်းတွေဖြင့်ပိုတိုးဖက်ရင်းဆိုခဲ့သည်။ အသံတွေကတော့ TaeHyung ပီသစွာတုန်ရီနေပြီဖြစ်သည်။
"Babe ကိုကိုယ်ဘာမှမကြားချင်ဘူးလို့ပြောထားတယ်လေ!!!"
"ဟင့်အင်း...ကျွန်တော်တို့ရပ်တန့်ရမယ် ဒီလိုဖြစ်မယ်မှန်းသိရဲ့သားနဲ့ ကျွန်တော်တို့ ရူးနေခဲ့ကြတာ အခုရပ်သင့်ပြီ"
TaeHyung ရဲ့စကားကြောင့် JungKook လျှောက်နေရာမှရပ်လိုက်ပြီး ကျောပေါ်မှ TaeHyung ကိုချကာ သူ့နဲ့မျက်နှာချင်းဆိုင်စေသည်။
"Babe!!! မင်းနေမကောင်းဖြစ်ပြီး ရူးသွားတာလား ဟမ်!!!"
JungKook က TaeHyung လက်မောင်းနှစ်ဖက်အားဆွဲလှုပ်ကာအော်ပြောသည်။ သူတို့နှစ်ဦးလုံး၏မျက်နှာတပြင်လုံးတွင် မျက်ရည်များရွှဲလျက်...
"မနေ့က Omma ကပြောတယ် သားကို Omma အသိရဲ့သမီးနဲ့ စေ့စပ်ရမယ်တဲ့..."
"ဒီစကားလေးနဲ့တော့..."
"မင်းအစ်မက အဖြစ်မရှိဘူးတဲ့ Omma မြေးချီချင်ပြီတဲ့ ....အဲ့စကားကကျွန်တော့်ကိုဘယ်လောက် ခံစားရစေလဲ အဲ့တာကျွန်တော့်ကြောင့်လေ!!! ကျွန်တော်က JungKook နဲ့ Noona ကြားကိုဝင်ခဲ့လို့လေ...ဒါတွေအားလုံးကကျွန်တော့်အပြစ်ပဲ ကျွန်တော်က အချစ်အတွက်နဲ့ ကိုယ့်အစ်မရဲ့..."