[Unicode]"ဘာ! !! ...ဒီကောင့်အကြောင်းကိုလုံးဝရှာမတွေ့ဘူးဟုတ်လား"
"တောင်းပန်ပါတယ် သူဌေး "
"ဒီကောင့်ကို ဒီအတိုင်းလွှတ်ထားလို့မရဘူး သူ့အကြောင်းသိအောင်စုံစမ်းကြ!တောက်!"
"ဒါနဲ့ သူ့နာမည်အစတော့သိလာတယ် "
"ဘာလဲ!!!"
"J"
"J! အဲ့တစ်လုံးထဲနဲ့ ငါကဘာလုပ်ရမှာလဲ ေ-ာက်သုံးမကျလိုက်တာ! "
"ဒါနဲ့ သူဌေးလုပ်သမျှအကုန်သိတယ်ဆိုတော့ သူဌေးရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူများလား..."
"ငါ့ပတ်ဝန်းကျင်မှာ...မဖြစ်နိုင်ဘူး ငါဒီအလုပ်လုပ်တာ ဘယ်သူမှမသိဘူး ...ဘာပဲဖြစ်ဖြစ်မင်းတို့သတိနဲ့လှုပ်ရှားကြ...ဘယ်လိုကြောင်းနဲ့မှ ငါသတင်းမထွက်ချင်ဘူး"
"ဟုတ်ကဲ့! "
ထိုလူရုံးခန်းထဲကထွက်သွားသည်နှင့် Mr. Kim sofa ပေါ်တွင်မှီထိုင်ကာ မျက်ရိုးကိုလက်ချောင်းတို့ဖြင့်ဖိနှိပ်ရင်းစဉ်းစားနေမိသည်။
*ငါ့ပတ်ဝန်းကျင်က လူဆိုရင်...ဘယ်သူဖြစ်နိုင်မလဲ?! စဉ်းစားစမ်း! JungKook? မဟုတ်လောက်ပါဘူး သူက သခင်လေးနဲ့နာမည်တူတာလောက်ပဲ! ပြီးတော့ သခင်လေးအလောင်းကိုငါကိုယ်တိုင် စစ်ထားတာပဲ...ဟုတ်တယ် သူတော့မဖြစ်နိုင်ပါဘူး...ဒါပေမယ့် ဘာလို့ငါ့စိတ်တွေရှုပ်ထွေးနေရတာလဲ?!*
Mr. Kim စုပ်သက်မိသည်။ စိတ်ထဲမှာတော့ မတင်မကျလှိုင်းတစ်ခုကတော့ ပျောက်ပျက်မသွားခဲ့.....
"ငါစုံစမ်းဖို့လိုအပ်မယ်ထင်တယ်"
Mr. Kim တွေးတွေးဆဆဖြင့် ဖုန်းနံပါတ်တစ်ခုဆီသို့....
☮☮☮
"ဟားဟားဟား..."
ရေချိုးခန်းမှ TaeHyung ရဲ့ရယ်သံသည်အပြင်ဘက်ထိတောင် ပျံ့လွှင့်လျက်...
" JungKook နင်းလေ ဘာလို့အချောင်ခိုနေတာလဲ"
TaeHyung နဲ့ JungKook တို့ရုံးမသွားသည့်အတွက် ပေကျံနေသည့်စောင်များအား နှစ်ယောက်သား ဇလုံထဲထည့်ကာ နင်းနေကြသည်။
"ကိုယ်တစ်ခါမှမလုပ်ဘူးဘူး"
JungKook ကဘောင်းဘီမပြီး မတ်တပ်ရပ်လျက် ပြောသည်။