[Unicode]
မျက်စိရှေ့တွင်မြင်နေရသော ကျွန်းတံခါးကို JungKook ခေါက်လိုက်ကာ အခန်းထဲဝင်လိုက်တော့ Mr. Kim ကစာအုပ်ကိုကြည့်နေရာမှ သူ့အားကြည့်လာသည်။
"ထိုင်လေ JungKook"
"ကျွန်တော့်ကိုခေါ်ရတဲ့အကြောင်းက...?"
"အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ...အဲ့ဒါ..."
အပြောရခက်နေပုံကို ကြည့်ပြီးသူသဘောပေါက်လိုက်သည်...လမ်းကြောင်းဖွင့်ပေးတဲ့အနေနဲ့မသိချင်ယောင်ဆောင်ကာပြောလိုက်သည်။
"Appa အလုပ်မှာအခက်ခဲရှိလို့လား..."
"ဟင်...အင်း ဟုတ်တယ်...Appa မင်းကိုပြောချင်တာကာ Appa လုပ်ငန်းတစ်ခုမှာရင်းနှီးမြုပ်နှံချင်လို့ အဲ့ဒါ...ငွေလိုနေတယ်"
"ကျွန်တော် ဘယ်လောက်ထုတ်ပေးရမလဲ"
"ဟာ...Jungkook တကယ်ပြောတာလား...သိန်း ငါးရာလောက်...ခဏပါပဲ Appa မင်းကိုပြန်ပေးမှာပါ"
"အင်း...ဒါဆိုကျွန်တော် ဘယ်တော့ပေးရမလဲ မနက်ဖြန် ကျွန်တော်က Jeju ကိုသွားရမှာဆိုတော့...ကျွန်တော့်ဘဏ်ကနေလွှဲလိုက်မယ်လေ"
"ဟာ...ကျေးဇူးပါ JungKook ရယ်"
သူ့လက်နှစ်ဖက်အားဆုပ်ကိုင်ကာ ကျေးဇူးတင်စကားဆိုတော့ နှုတ်ခမ်းတွန့်ရုံသာပြုံးပြပြီးအခန်းထဲမှထွက်လာခဲ့သည်။ ပြီးနောက် သူ့ရဲ့လက်ထောက်တစ်ယောက်အားဖုန်းလှမ်းဆက်ကာ Mr. Kim အားပိုက်ဆံလွှဲပေးရန်ပြောပြီးနောက် အိမ်ပေါ်သို့တက်ရန်လှမ်းလိုက်သော်လည်း မျက်စိရှေ့တွင်ပိတ်ရပ်နေသော ခြေဖမိုးဖြူဖြူလေးတစ်စုံကြောင့် သူ့ခြေလှမ်းတို့ရပ်တန့်သွားသည်။
Kim TaeHyung!!!?
မော့ကြည့်လိုက်တော့ မျက်လုံးအပြူးသားနှင့်သူ့အားငုံ့ကြည့်နေသည်။ လင်းထင်းနေသောမီးရောင်အောက်တွင်မြင်နေရသော သူ့ခန္ဓာကိုယ်သေးသေးပေါ်တွင် Over size T-shirt တစ်ထည်ကို ချည်ဘောင်းဘီအပွရှည်နှင့်တွဲဝတ်ထားသောသူသည် အဝတ်ကြားတွင်ပျောက်နေကာ တစ်မျိုးလှနေပြန်သည်။
မျက်တောင်ရှည်ကြီးတွေပိုင်ဆိုင်ထားသောသူသည် ယခုသူ့အားကြည့်နေချိန်တွင်ခတ်ဖို့မေ့နေသည့်အလားကြောင်တောင်တောင်လေးကြည့်နေကာ ရှေ့တွင်ပိတ်ရပ်ထားတုန်း...အနည်းငယ်ဟနေသော နီစွေးစွေးနှုတ်ခမ်းဆီအကြည့်ရောက်မိတော့ သူ့ပတ်ဝန်းကျင်တွင် သူ့နှလုံးခုန်သံတို့သာကြီးစိုးကုန်၏။