[Unicode]"မင်း ဘာလာလုပ်တာလဲ!!"
Namjoon ရဲ့အသံကဒေါသအနည်းငယ်ပါနေသည်။
"ကျွန်တော်တောင်းပန်ပါတယ် Hyung သူနိုးလာတဲ့အထိပဲ ကျွန်တော်သူ့အနားရှိချင်တာပါ သူသတိရလာတာနဲ့ ကျွန်တော်ထွက်သွားတော့မှာပါ....ကျွန်တော့်ကို အဲ့ဒါလေးတော့ ခွင့်ပြုပေးပါ"
TaeHyung ရဲ့မျက်အိမ်တို့တွင် မျက်ရည်ကြည်တို့ရစ်သိုင်းကာ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းတို့မှာ တုန်ရီနေခဲ့သည်။
"ကောင်းပြီ"
"ကျေး-ကျေးဇူးတင်ပါတယ် Hyung တကယ်ပါ"
Namjoon က TaeHyung ရဲ့ပခုံးတဖက်ကိုသူ့လက်ဖြင့်အသာဖိရင်း အခန်းထဲမှထွက်သွားတော့သည်။
ဆေးရုံခုတင်ထက်လှဲလျောင်းနေသော သူကတော့ ငြိမ်းချမ်းစွာအိပ်ပျော်နေတုန်း...။
"JungKook ကျွန်တော် တောင်းပန်ပါတယ် ဒီလောက်နဲ့ မပြည့်စုံမှန်းသိပေမယ့် ဘယ်လိုတောင်းပန်ရမလဲမသိတော့ဘူး ....JungKook ထလာပါတော့ ကျွန်တော့်ကို ချစ်တယ်ဆိုရင်...."
သူစကားဆက်မပြောနိုင်တော့ပဲ JungKook ရဲ့လက်ကိုသူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း ငိုနေမိသည်။
"မြန်မြန် ထ လာ ပါတော့ JungKook ရယ်...."
JungKook ရဲ့ဘေးမှာ သူနေ့ ည မပြတ်နေကာ JungKook နိုးလာမယ့်အချိန်ကို သူ့မျှော်နေမိတယ်။
အခုချိန် JungKook ကသူ့အနားမှာရှိနေပေမယ့်ဝေးကွာနေရသလို သူခံစားနေရတယ်။ တကယ်လို့ JungKook သတိရလာတဲ့အခါ သူထွက်သွားရမှာကိုလည်း ကိုယ့်ကိူကိုယ်သိတယ်။
ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ JungKook ကသူ့ကို လက်စားချေချင်လို့ပဲဖြစ်ဖြစ် သူ့ကို့ လည့်ဖြားခဲ့တာပဲဖြစ်ဖြစ် သူကျေနပ်သည်။ သူ JungKook ကိုချစ်တယ်။ JungKook နိုးလာတဲ့အခါ အဲ့ဒီ့စကားကိုသူပြောချင်ပေမယ့် သူတို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခြေအနေထဲရောက်သွားခဲ့ပြီ။Two week later,,
အပြင်ဘက်မှ နေရောင်ဖျော့ဖျော့က ကန့်လန့်ကာများအားဖြတ်ကာ သူ့မျက်နှာတည်တည့်သို့ထိုးကျလာခဲ့သည်။ စူးခနဲအလင်းရောင်ကြောင့် သူ့မျက်လုံးတွေကို မနည်းဖွင့်လိုက်ရသည်။