[Unicode]
ဒီဇိုင်း အဖွဲ့ ၁ ကိုစရောက်ကတည်းက TaeHyung အတွက် အလုပ်တွေမအားလပ်တော့...။ ဖက်ရှင်ပွဲအတွက်ကော collaboration
ပွဲအတွက်ပါပြင်ဆင်နေရသည့်အတွက် သူအပါအဝင် ဝန်ထမ်းတွေအားလုံးမအားလပ်ကြ...။
ထမင်းစားဖို့တောင် မေ့သည့်အထိ...ဒါတောင်သူဒီကိုရောက်တာ တစ်ရက်စွန်းစွန်းပဲရှိသေးသည်။TaeHyung က လေးထောင့်ဘောင်လေးနဲ့ မျက်မှန်လေးတပ်ကာ အကြည့်တွေကို laptop တွင်သာပို့ထားလျက် အလုပ်ရှုပ်နေခဲ့သည်။
"အဖွဲ့မှူး Kim.. CEO Jeon ကသူ့ရုံးခန်းထဲလာခဲ့ဖို့ပြောပါတယ်"
အတွင်းရေးမှူးမလေး၏ စကားကိုသူခေါင်းငြိမ့်ပြလိုက်ရင်း
"အင်း...ငါလာခဲ့မယ်"
TaeHyung ကလုပ်လက်စအလုပ်တွေ ထားခဲ့ပြီး အခန်းထဲမှထွက်လာခဲ့သည်။
CEO ရုံးခန်းရှေ့ရောက်တော့ သူတံခါးခေါက်ပြီးဝင်လိုက်သည်။ အခန်းထဲဝင်တာနဲ့မြင်လိုက်ရတာက JungKook ရဲ့မျက်နှာချောချောပင်...
အလိုမကျမှု့အနည်းငယ်ရောယှက်နေသည့် သူ့မျက်နှာသည် ဝတ်ထားသောအဖြူရောင်နှင့် အနည်းငယ်ကွဲလွှဲမှု့တော့ရှိသည်။ ဒါပေမယ့် သူသည် ဘယ်လိုနေနေ ချောသည့်အစားထဲကမဟုတ်ပါလား...TaeHyung က JungKook အလုပ်စားပွဲရှေ့မတ်တပ်စုံရပ်လိုက်ပြီး
"CEO ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ "
"အင်း...ခေါ်တယ်"
"ဘာခိုင်းစရာရှိလို့ပါလဲ..."
"ခိုင်းစရာရှိတယ်"
"ဟုတ်ကဲ့..."
"ဒီနားကိုလာဦး"
JungKook ကလက်ယက်ခေါ်ရင်းပြောတော့ TaeHyung အနားကိုလျှောက်သွားလိုက်သည်။
"ကိုယ့်ပေါင်ပေါ်မှာလာထိုင်"
"ဟာ...ဟိုမှာထိုင်ခုံတွေရှိတာကို ဘာလို့ JungKook ပေါင်ပေါ်ထိုင်ရမှာလဲ"
TaeHyung ကပြောပြောဆိုဆိုဖြင့် sofa ပေါ်တွင် သွားထိုင်တော့ JungKook မကျေမနပ်ဖြင့်စိုက်ကြည့်ကာ sofa နားလျှောက်သွားသည်။
ပြီးနောက် TaeHyung ဘေးတွင်ဝင်ထိုင်လိုက်ရင်း သေချာစိုက်ကြည့်နေသည်။