[Unicode]
သူလှမ်းပေးတဲ့လက်ကိုမမြင်ချင်ယောင်ဆောင်ကာ ကားပေါ်တက်သွားသော JungKook ကို TaeHyung မျက်မှောင်ကျုံ့ကာကြည့်မိသည်။ Nona ကတော့သူ့ယောကျာ်းရဲ့အပြုအမူကိုအားနာသည့်အလား သူ့လက်မောင်းအားခပ်ဖွဖွကိုင်ကာ တောင်းပန်သည့်အကြည့်ဖြင့်ကြည့်သည်။ သူလဲ Nona လက်ကိုကိုင်ရင်းပြုံးပြကာ ကားနောက်ခန်းတွင်ဝင်ထိုင်လိုက်သည်။ Nonaကတော့ ရှေ့ခုံတွင်ဝင်ထိုင်ကာ Jeon JungKook ကတော့ကားမောင်သူနေရာတွင်ဖြစ်သည်။
ကားပေါ်ကနေ Seoul ရဲ့သဘာဝလေလေးကိုရူရှိုက်ရင်းလိုက်လာခဲ့သည်။ အပြင်ဘက်ကိုကြည့်နေရင်း ကားမှန်ဆီအကြည့်ရောက်မိတော့ သူ့အားစူးရှတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေသော Jeon JungKook ၏မျက်ဝန်းတွေနဲ့ဆုံသည်။ ဘာကြောင့်မှန်းမသိ လူကအလိုလိုသိမ်ငယ်လာသလို...ချက်ချင်းအကြည့်လွှဲလိုက်ပြီးအပြင်ဘက်ကိုသာအာရုံပို့ထားလိုက်သည်။
ဒီလိုနဲ့သူတို့်စီးလာတဲ့ကားလေးသည် နန်းတော်တမျှကြီးမားသောသူတို့အိမ်ရှေ့သို့ဆိုက်ရောက်လာခဲ့သည်။ ကားပေါ်အထုတ်များအား ကိုယ်တစ်ယောက်ထဲမနိုင်းမနင်းသယ်နေသော်လဲ
Jeon JungKook ဆိုတဲ့ထိုလူသားက တစ်ချက်တောင်ကူဖော်မရ ကားပေါ်မှကျော့ကျော့လေးဆင်းသွားကာ အိမ်ထဲဝင်သွားသည်။Nona ကတော့အနားရောက်လာကာ"ပေး Nona ဝိုင်းသယ်ပေးမယ်"
"ဟီး...ကျေးဇူး"
"ဒါလေးသယ်ပေးတာကိုများ..."
Nona နဲ့ သူ အထုတ်တွေသယ်ကာအိမ်ထဲဝင်လာတော့ Omma ကအပြုံးနှင့်စီးကြိုကာ သူ့အားတင်းနေအောင်ဖက်ထားသည်။
"Omma လွှတ်ပါအုံး"
"သားငယ်လေးအရမ်းချောလာတယ်...ကြည့်စမ်းပါအုံးအရပ်တွေတောင်ရှည်လာသလိုပဲ"
"ဟီး...Omma သားကနဂိုကတည်းကချောတာပဲကို...အဲ့ဒါ Omma နဲ့တူတာလေ"
"ဟုတ်ပါပြီ...လာ Taeyoon သမီးမောင်လေးကိုအခန်းထဲလိုက်ပို့လိုက်အုံး"
"လာ TaeHyung"
Nona နဲ့သူ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အိမ်ပေါ်တက်လာခဲ့သည်။
" TaeHyung ရဲ့အခန်းကတော့အရင်အတိုင်းပဲ...ဒီအခန်းက Nona တို့အခန်း မျက်နှာချင်းဆိုင်ပဲ"