☦7☦

12.1K 1.1K 28
                                    

[Unicode]

TaeHyung Jungkook ဆီမှာအလုပ်ဝင်တာ တစ်ပတ်ရှိပြီဖြစ်သည်။ အခုလဲ ဒီဇိုင်းဌာနကလာပို့ထားသော  files တွေကို JungKook ကိုတင်ပြရန် ရုံးခန်းထဲဝင်လာတော့ JungKookကိုမတွေ့...

"ဘယ်သွားတာလဲ မသိဘူး... ငါလဲမမြင်မိပါဘူး သူအပြင်ထွက်သွားတာ..."

*ဝေါ့...*

"ဟင်...ဒါ ဘာအသံလဲ"

*ဝေါ့...အ*

TaeHyung သန့်စင်ခန်းထဲကအသံကြားတော့ တံခါးသွားခေါက်လိုက်သည်။

*ဒေါက်...*ဒေါက်!*

" CEO လား... CEO ဘာဖြစ်လို့လဲ... CEO"

TaeHyung တံခါးကိုထုကာ ဆက်တိုက်မေးနေသော်လဲ အထဲမှစကားပြန်မရတာကြောင့် စိတ်ပူသွားသည်။

"CE.... "

TaeHyung အော်ကာ နောက်တခေါက်ထပ်ခေါ်လိုက်တော့ သန့်စင်ခန်းတံခါးပွင့်လာသည်။

"CEO ဘာဖြစ်တာလဲဟင်"

ကိုယ့်မှာ့စိတ်ပူပြီးမေးလိုက်သော်လည်း

"ဘာလို့အသံပြဲနဲ့အော်နေတာလဲ..."

JungKook အသံကအနည်းငယ်မာနေသည်။

*လူကစိတ်ပူလို့လဲမေးရသေးတယ်*

TaeHyung စိတ်ထဲမှာသာမကျေမနပ်ပြောနေသော်လည်း လက်တွေ့မှာတော့ JungKook ကိုစိုက်ကြည့်နေလိုက်သည်။

"ငါ့ကိုဘာလို့ ဒီလိုလာကြည့်နေတာလဲ အတွင်းရေးမှူး Kim လုပ်စရာအလုပ်မရှိဘူးလား?"

"ရော့...ဒီမှာ ဒီဇိုင်းတွေလာပို့တာ"

TaeHyung လက်ထဲက files တွေကို JungKook လက်ထဲထိုးထည့်ကာ အခန်းထဲမှထွက်လာခဲ့သည်။ TaeHyung စားပွဲခုံကိုလက်နဲ့
ထုကာ ဒေါသဖြေနေမိသည်။

"ငါကသူ့ကိုစိတ်ပူလို့မေးတာကိုများ...ဟွန်း! နေပါအုံး...ငါက ဘာလို့သူ့ကိုစိတ်ပူနေရတာလဲ ...သူတစ်ခုခုဖြစ်ရင်ငါ့အမပဲ မုဆိုးမဖြစ်မှာစိုးလို့... ဟုတ်တယ်.အစ်မကြောင့်..."

TaeHyung တစ်ယောက်ထဲပွစိပွစိပြောနေတုန်း သူ့ဆီသို့လူတစ်ယောက်လျှောက်လာသည်။

" CEO Jeon ရှိလား မသိဘူး"

"ရှိတယ်!!!..."

"အမလေး...ဖြေးဖြေးပြောပါဗျာ"

𝙈𝙔 𝙎𝙄𝙎𝙏𝙀𝙍'𝙨 𝙃𝙐𝙎𝘽𝘼𝙉𝘿 (Completed)Where stories live. Discover now