[Unicode]
အိစက်စက်မွေ့ရာကြီးပေါ်တွင် Jungkook ၏ခန္ဓာကိုယ်ဖြူလွလွကနေရာယူလျက်ရှိသည်။
" သူဘယ်တော့မှသတိရမှာလဲ Hoseok သူမေ့နေတာ ၁လတောင်ရှိပြီ"
"ကလေးကငယ်သေးတော့ သတိရဖို့ကြာနေတာပါ မကြာခင်သူနိုးလာမှာပါ"
"အင်းပါ...ဒီကလေးရဲ့မိဘတွေကောမရှိဘူးလားမသိဘူး အခုချိန်ထိ ရှာမယ့်သူမရှိပုံထောက်ရင်"
"ဒါကတော့သူသတိရလာမှပဲအကြောင်းစုံသိမှာပေါ့...Namjoon ငါသွားပြီ"
"အင်း...ကျေးဇူးပါကွာ ငါ့မှာမင်းလိုသူငယ်ချင်းဆရာဝန်လေးရှိလို့တော်သေးတာပေါ့"
" အေးပါ"
Namjoon လဲ Hoseok ကိုအိမ်ရှေ့ထိလိုက်ပို့ရန်အခန်းထဲမှထွက်လာခဲ့သည်။
Namjoon နဲ့ Hoseokတို့ ထွက်သွားပြီးနောက်ပြန်လည်တိတ်ဆိတ်သွားသောအခန်းလေးတွင် Jungkook ၏အသက်ရှုသံပြင်းပြင်းတို့ကထွက်ပေါ်လာတော့သည်။
"အ...ဟား..."
မောဟိုက်နေသော ရင်အစုံကိုလက်နှင့်အသာဖိကာ မှိတ်ထားသောမျက်လုံးအိမ်တို့ကိုအသာဖွင့်ကြည့်လိုက်သည်။ မပီမပြင်ပေါ်လာသော မြင်ကွင်းကြောင့် မျက်တောင်တို့ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက်တစ်ကြိမ်ကြိုးစားဖွင့်လိုက်တော့ ပီသစွာမြင်လာတဲ့ မျက်နှာကြက်ဖြူဖြူ...
"ငါ...ငါ အသက်ရှင်သေးတာပဲ"
လှဲနေသောခန္ဓာကိုယ်ကိုဆတ်ခနဲထထိုင်လိုက်တော့ ပတ်တီးစီးထားသောကိုယ့်ခေါင်းမှဆစ်ခနဲ
"အား...ကိုက်လိုက်တာ!"
*ကျွီ!*
"ဟာ! ကောင်လေး"
ရုတ်တရက်အော်သံကြောင့် Jungkook အနည်းငယ်လန့်သွားကာ ချက်ချင်းလှည့်ကြည့်လိုက်တော့ ပါးချိုင့်တွေပေါ်အောင်ရယ်ပြနေသည့်လူတစ်ယောက်
"မင်း သတိရလာပြီလား"
"ဟုတ်ကဲ့...ကျွန်တော့်ကိုဘယ်လိုဖြစ်ပြီး..."
"မင်း Hyung ရဲ့ကားနဲ့တိုက်မိလို့ Hyung အိမ်ကိုခေါ်လာတာ မင်းမေ့နေတာ ၁လတောင်ရှိပြီ"