ခိုင်မြဲသောအချစ် အပိုင်း(၃)
နံနက်မိုးသောက်အလင်းရောက်
pete တစ်ယောက်အလုပ်တွေရူပ်နေတယ် ဒီနေ့ ဧည့်သည်တစ်စုကိုလေယာဉ်ကွင်းသွားပို့ပေးရမယ် အဲ့ကနေ နောက်တစ်စုကိုပြန်စောင့်ခေါ်ရမယ် ပီးရင် ညနေပိုင်း ဖေဖေ့ကိုလဲ ဆေးခန်းပြရဦးမယ် အခန်းတွေလဲရှင်းရဦးမှာမို့ မနက်အစောထလိုက်ခြင်းဖြစ်သည်
"ဖေဖေဗျ ဒီနေ့ဆေးခန်းသွားဖို့မမေ့နဲ့နော်
ညနေသွားရမယ်""အင်းပါသားရယ် ဖေဖေသတိရပါတယ် ငါ့သားက ဆေးခန်းသွားရမဲ့ရက်ဆို အူမြူးနေတာဖေဖေသိတယ်နော် ဘာလဲ ဆရာမလေးနဲ့တွေ့ရတော့မှာမို့လား"
"ဟာ ဖေဖေကနောက်ပီ ဘာတေပြောနေတာလဲ "
"ဘာတွေပြောနေတာလဲမလုပ်နဲ့သား အဲ့ဆရာမလေးနဲ့ဆို ဖေဖေကသဘောတူပီးသား ဖေဖေလဲအသက်ကြီးနေပီ နေကလဲသိပ်မကောင်းဘူးမသေခင်လေးမြေးချီချင်သေးတယ်သားရယ်"
" ဖေဖေကလဲနမိတ်မရှိ သားဖေဖေက အကြာကြီးနေဦးမှာသိသား သားမိန်းမယူပါဘူး ဖေဖေနဲ့တစ်သက်လုံး နေသွားမှာ လူပျိုကြီးလုပ်မှာ"
(ဖအေကိုပွေ့ဖက်လိုက်၏)"အမလေး လူကောင်ကကြီးနေပီ ခလေးလိုနေချင်နေသေးတယ် ဘယ်တော့လူကြီးဖြစ်မှာလဲ ငါ့သားတော့ တကယ်ပါဘဲ"
" ဟင် ဖေဖေကသားကိုငြူဆူနေတာလား သားကဖေဖေ့ခလေးလေးဘဲကို🤗🤗
အမလေး သားလေးရယ်မငြူဆူပါဘူး ဖေဖေ့မှာအားကိုစရာချစ်စရာဒီသားလေးဘဲရှိတာကဲသွားတော့ ဟိုမှာဧည့်သည်တွေစောင့်နေပီ"
"ဟုတ်ဖေဖေ မင်္ဂလာပါ" "အေအေးသား"ဘာလိုလိုနဲ့ညနေရောက်ပီ ကျနော် ဆရာမလေး ဒေလီနဲ့တွေ့ရဦးမယ် ဖေဖေပြောသလိုဖြစ်နေလားတော့မသိပေမဲ့ ထိုဆရာမလေးကိုတော့ ကျေးဇူးတင်မိတယ် ကျနော့ဖေဖေကို သိပ်ဂရုစိုက်တယ်လေ ကျနော့ပေါ်လဲ ကောင်းတယ် ရင်ထဲမှာတော့အသိအမှတ်ပြုနေမိပါတယ်
ဆရာဝန်မလေးဒေလီကို ကျေးဇူးတင်တဲ့အနေနဲ့ကျနော်လက်ဆောင်လေးတစ်ခုပေးဖို့
ကျနော်စီစဉ်မိလိုက်သည် ကျနော် ဆရာမကို ချစ်နေတာလားတော့မပြောတတ် အချစ်ဆိုတာဘာမှန်းမသိ ဘယ်သူနဲ့မှလဲ လက်ပွန်းတတီးမနေဖူးရင်လဲမခုန်ဖူးဘူးလေ
ကျနော်ကငယ်ငယ်ထဲက အဖေနဲ့ဘဲ နေခဲ့တာအပေါင်းအသင်းဆိုလို Mean တစ်ယောက် ထဲရှိတယ်
YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕