Part 33

1.4K 89 13
                                    

ခိုင်မြဲသောအချစ် အပိုင်း (၃၃)

မနက်မိုးလင်းရောင်ခြည်လေးရဲ့နွေးထွေးမှုနဲ့အတူ ရင်ခွင်ထဲမှာနှစ်ရှိုက်စွာအိပ်နေတဲ့ကောင်လေးကြောင့် ကျနော့်မနက်ခင်းလေးက ရင်ခုန်မှုတွေနဲ့သာယာပြည့်နှက်လို့နေတယ်

ကျနော်လဲသူလေးနှုတ်ခမ်းလေးကိုဖွဖွလေးနမ်းလိုက်ပီး အိပ်ယာမထသေးဘဲ သူလေးရဲ့အလှကို ငေးကြည့်နေမိတယ်

ဖြူစင်ပီးခလေးတစ်ယောက်လိုချစ်ဖို့ကောင်းလွန်းတာလေးက ထိရက်စရာတောင်မရှိ မျက်ခုံးထူထူလေး နှာတံသွယ်စင်းပီး ဆေးမဆိုးထားဘဲရဲနေတဲ့နှင်ဆီဖူးလိုနှုတ်ခမ်းလေးမိန်းခလေးရှုံးလောက်တောင်လှရက်နိုင်သူလေးကို ကြည့်နေရင်းနဲ့ပင် ကြည့်မဝနိုင်ဖြစ်နေမိသည်

"ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်လေးကို ငါဘယ်လိုလုပ်စိတ်ထိန်းနိုင်မှာလဲကွာ "

ရင်ခွင်ထဲမှနှစ်ခြိုက်စွာအိပ်နေတဲ့ခလေးကိုမျက်တောင်မခတ်ဘဲငေးကြည့်ရင်း ရုတ်တစ်ရက်ဆိုသလို နှလုံးသားအတွင်းတစ်နေရာကဆူးခနဲအောင့်တတ်လာသည်

ခေါင်းထဲလဲ ရုတ်တရက်ဆိုသလိုမူးမိုက်လာသည် ရင်ထဲဆို့လာသလိုဝမ်းနည်းလာသလို  ကောင်လေးကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကအစမရှိအဆုံးမရှိ ရုတ်တရက်ကြီးဝင်လာသည်

ဟာ ဒါခံစားချက်ကြီးကဘာလဲကျနော်မသိ ကျနော့်စိတ်ဘာဖြစ်သွားတာလဲ
အားး ကျနော့်ခေါင်းကဘာလို့ ဒီလောက်ထိ မူးနောက်နေရတာလဲ
တစ်ခုခုကိုလက်လွှတ်လိုက်ရတော့မဲ့
ခံစားချက်မျိုး

ကောင်လေးရာ မင်းကို ကို့ရင်ခွင်ထဲထွေးပွေ့ထားရပေမဲ့ ဝေးကွာသွားမလိုခံစားနေရတယ်
ဒါ ဒါဘယ်လိုခံစားချက်လဲကွာ

"မရဘူး ငါတိုကိုဘယ်သူမှမခွဲရဘူး မခွဲစေရဘူးကောင်လေး "

Perth တစ်ယောက် မျက်ရည်များဆို့တတ်လာပီး Saint ကို တင်းကျပ်စွာဖက်ထားလိုက်မိသည်
ကျနော်ဖက်တာကြမ်းသွားတယ်ထင် သူလေးအသံလေးထွက်ပီးနိုးလာသည်

"အင်းးး အားး သူ သူဌေးဗျ အသက်ရှူကျပ်တယ် အဟွတ် ဟွတ်"

"ဟင် ကောင်လေး စော စောရီပါကွာ
ရ ရဲ့လား "
"အင်းရတယ် ဒါပေမဲ့ ........
ဟင် သူဌေး ငိုနေတာလား ဘာလို့လဲဟင် ပြောပါဦး ဘာလို့ငိုတာလဲ ကြည့်ဦးခွေုးတွေလဲထွက်နေတယ် ဘာဖြစ်တာလဲဟင် ဘယ်နေရာနေမကောင်းလို့လဲ ပြောပါ ကျနော်စိတ်ပူလှပီ "

ခိုင်မြဲသောအချစ် Where stories live. Discover now