Part 9

1.3K 108 9
                                    

ခိုင်မြဲသောအချစ် အပိုင်း(၉)

Ae ဆိုတဲ့နံမည်အသစ်ကလေးနဲ့ ဒီအိမ်ကိုကျနော်ရောက်လာတာ နက်ြဖန်ဆို  2 ပတ်ပြည့်ပီဘဲ ဒီရက်တွေထဲမှာ ကျနော် နဲ့ Pete သံယောဇဉ်တွေတိုးခဲကြ့တယ် သူကလဲ ကျနော့်ကိုဆိုအရမ်းဂရုစိုက်ခဲ့တယ် ဦးလေးကလဲ ကျနော့်ပေါ် သားအရင်းတစ်ယောက်လိုကောင်းလွန်းတယ် ကျတော်တို့တွေ အတူစားအတူသွား အလုပ်တွေလဲအတူလုပ် ဧည့်သည်တွေ အကြိုအပို့လုပ်ရင်းနေ့ရက်တွေကုန်ဆုံးခဲ့တာ ဘာလိုလို နဲ့မိုးရာသီရောက်လို့ ဧည့်ရိပ်သာမှာလဲ လူတွေရှင်းသွားလေပီ
ကျနော်လဲတစ်ရက်နဲ့တစ်ရက်သူ့မျက်နှာလေးအမြဲမြင်နေရလို့စိတ်ချမ်းသာနေခဲ့ရတယ် သူ့နားနေရတာအရမ်းပျော်ရွှင်တယ် ကျနော်မသိခဲ့ပါဘူး ဒါဟာ တကယ် အချစ်ဖြစ်နေပီလားဆိုတာ ကျနော် ဝေခွဲမရသေးပါဘူး
💖💖💖💖💖💖💖💖💖💖💖💖
"ဖေဖေ နဲ့ Ae ဒီညနေ ဖေဖေတို့ 2 ယောက်လုံးဆေးခန်းပြန်ပြရမယ်နော်"
"ဟေ ဟုတ်လား ဖေဖေတောင်မေ့နေတာ
သား Ae ကောမှတ်မိလား"

" ဟဲဟဲ ကျနော်လဲမေ့နေတာ ဦးလေးရဲ့
Pete ကအကုန်မှတ်ထားတာဘဲနော် အိမ်ရှင်မလေးကျနေတာဘဲ ဘယ်အရာမှဟာကွက်မရှိစေရဘူး"

ကျနော့်စကားကြောင့် ဦးလေးက တဟားဟားရယ် Pete လေးကတော့ ရှက်ပြုံးလေးပြုံးနေလေရဲ့ သူပြုံးတာလေးက မနက်မိုးလင်းနေမင်းကြီးအရှေ့အရပ်ကနေ ထွက်လာတာကိုကြည့်နေရသလို ကျနော့ရင်ထဲ နူးညံ့နွေးထွေးမှုကိုခံစားလိုက်ရတယ် သူရယ်လိုက်ပြုံးလိုက်တိုင်း ကျနော့်ရင်ထဲ နွေးခနဲဖြစ်ဖြစ်သွားတယ်ဗျာ 💞

"အာ့ Ae ကလဲ ကျနော် က ကိုယ်ရချစ်တဲ့သူတွေကို ဂရုစိုက်တာပါနော် ဟင်း 😕" လို့ပြောပီးနူတ်ခမ်းလေးဆူကာနေရာကနေထသွားလေရဲ့ 

ကျနောနဲ့ ဦးလေးလဲ သူ့အကြောင်းတွေပြောပီး ဟီးဟီးဟားဟားနဲ့ကျန်ခဲ့လေသည်
ကျနော့်ရင်ထဲကို လှုပ်ခတ်စေတဲ့စကားလေးတစ်ခွန်း သူပြောသွားတယ်ဗျာ "ကိုယ်ချစ်ရတဲ့သူတွေတဲ့" အဟိ 😉
သူလဲကျနော့်လို ထူးခြားတဲ့ခံစားချက်ဖြစ်နေပီလားဆိုတာ
ကျနော်သိချင်မိတယ် မသိတော့ဘူးဗျာ
လိုရာဆွဲတွေးကျန်းမာရေးဘဲ 😜
🌇🌇🌇🌇🌇🌇🌇🌇🌇🌇🌇🌇
ညနေရောက်သော်

ခိုင်မြဲသောအချစ် Where stories live. Discover now