part 6

1.5K 93 5
                                    

ခိုင်မြဲသောအချစ် အပိုင်း(၆)

ဖေဖေနဲ့ကျနော် အိမ်ကိုပြန်ရောက်ရောက်ချင်းဘဲ
ဖေဖေကတော့ပင်ပန်းနေပီမို့အခန်းထဲဝင်နားလေသည်

ကျနော်ကတော့ မီးဖိုခန်းထဲ ပြေးဝင်မိတယ်
သူ့အတွက်ဆန်ပြုတ်လေးတော့ပြုတ်လိုက်ဦးမယ် သူဆာနေမယ်မဟုတ်လား

ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ ပုဇွန်တွေ့တာနဲ့ ဟုတ်ပီ ပုဇွန်ဆန်ပြုတ်ကောင်းကောင်းလေးချက်ဖို့ဆုံးဖြတ်လိုက်တယ်(အယ်းလဲ့😏)

သုကျနော့လက်ရာတော့ကြိုက်မယ်ထင်ပါတယ် ရင်ထဲမှာလဲဖိုးသိုးဖပ်သပ်နဲ့ ပျော်နေသလိုလိုဘာလိုလို ဒီခံစားချက်ဘယ်ကရလာလဲကျနော်မသိအိမ်ကိုသူလာမယ်ဆိုတဲ့ခံစားချက်က ကြည်နူးမိတယ် ကျနော် အဖော်ရပီငယ်ငယ်ထဲက အဖော်မရှိဘဲနေခဲ့ရတဲ့ကျနော် သူငယ်ချင်းဆိုလို့ Mean တစ်ယောက်ဘဲရှိခဲ့တယ်လေ
ကျနော်အူမြူနေတာကို ဖေဖေသတိထားမိတယ်ထင်တယ်

"ဟဲ့သား ဘာတွေချက်"

"အော် ဖေဖေ သူ့အတွက်ဆန်ပြုတ်လေးပြုတ်မလားလို့ပါ ဖေဖေလဲသောက်ဖို့လေ "

"အော်သားပြောတော့သူ့ကိစ္စဆို သားကိုမခိုင်းနဲ့ဆို အခု ဖေဖေလဲ မခိုင်းရသေးပါလားသားရယ်း"

"ဟာ ဖေဖေကလဲ သားက ဖေဖေပင်ပန်းမှာစိုးလို့လုပ်ပေးနေတာပါနော် ဟိုလူ့ကို လုပ်ပေးချင်လွန်းလို့တော့မဟုတ်ပါဘူး"

"အင်းပါသားရယ်ကျေးဇူးတင်ပါတယ်

ဖခင်ရဲ့စကားတွေက ကျနော်ကိုရယ်နေလှောင်နေသလိုခံစားမိတယ်

"အိုဖေဖေ အခန်ထဲသွားနားတော့ လေသားကိုအဲ့လိုကြည့်မနေနဲ့"

"အေးပါသားရယ် ဟားဟား
"ဟာဖေဖေနော်"

အော်ငါ့သားလေး အဖော်ရတော့မယ်ဆိုတော့ပျော်နေတာခလေးလေးကျနေတာဘဲ ညီအကိုလို ဆိုးအတူကောင်းဘက်တိုင်ပင်မဲ့သူပေါ်လာတော့ငါ့သားလေးပျော်နေရှာတယ်ငါလဲအားကိုးရမဲ့သားတစ်ယောက်တိုးတာပေါ့လေ
ဒီကောင်လေးက ငါတို့အတွက် ပျော် ရွှင်မူတွေယူဆောင်လာနိုင်ပါစေ
(အမလေးဖီဖီရယ် သားမဟုတ် သားမက် သားမက် ဟိဟိ😁)

ခိုင်မြဲသောအချစ် Where stories live. Discover now