Part 26

1.1K 73 6
                                    

ခိုင်မြဲသောအချစ် အပိုင်း (၂၆)

ရွေးချယ်မှုတွေနဲ့လွန်ဆွဲပီးဒေါင်ချာဆိုင်းနေသောအတွေးများနဲ့ pete တစ်ယောက်
ဘာကိုဘယ်လိုဆုံးဖြတ်ရမှန်းမသိ ?
Mean ပြောသလို ဘာမှမလုပ်တာထက်စာရင်ကြိုးစားကြည့်လိုက်တာပိုကောင်းမလား
တကယ်လိုကြိုးစားပီးဖြစ်မလာရင်ကော ငါ့နှလုံးသား ထပ်နာကျင်နေရဦးမှာ 💔

Aeeလုပ်ပေးခဲ့သော ထိုင်ခုံလေးပေါ် ထိုင်နေရင်းကနေ

အတိတ်လေးကအဖြစ်အပျက်လေးတွေကိုပြန်ငဲ့ကြည့်တော့
ခုချိန်ထိ နွေးထွေးစွာကျန်ရှိနေသေးတဲ့ သူ့အငွေ့အသက်လေးတွေ
ကျနော့် ကိုယ်ပေါ်မှာရှိနေသေးတဲ့ သူရဲ့ အထိအတွေ့လေးတွေ ကျနော်ကို
အမြဲကလေးတစ်ယောက်လိုဂရုစိုက်ပေးတတ်တဲ့ သူ့အပြုအမူလေးတွေ သူ့စကားလေးတွေ သူ့ရဲ့ချိုမြိန်တဲ့အနမ်းတွေ အများအများကြီး သူနဲပတ်သတ်တဲ့ နွေးထွေးနေတဲ့အမှတ်တရပေါင်းများစွာက ဒီအိမ်ကြီးထဲမှာကော ကျနော့်နှလုံးသားထဲမှာပါရှိနေသေးတယ် ရှင်သန်နေသေးတယ်

ငါ ဘာဆက်လုပ်ရမလဲ
ငါ ဒီတိုင်းတော့ Aee ကိုအဆုံးရုံးမခံနိုင်ဘူး
ဟုတ်တယ် ငါ အနည်းဆုံးတော့ကြိုးစားပိုင်ခွင့်ရှိတယ် ငါမနက်ဖြန် ကိုကို့ဆီ သွားမယ် ငါနဲ့ပတ်သတ်တဲ့ သူ့အတိတ်တွေပြန်သတိရအောင် ငါကြိုးစားမယ် ငါ့နှလုံးသားကို ငါပြန်ရှာမယ်

Aee kha ကျနော် Aee ဆီ လာခဲ့မယ်
Aee ဘယ်လိုဘဲနှင်ထုတ်ထုတ် ကျနော် နောက်မဆုတ်ဘူး Aeeကျနော့်ကိုပြန်သတိရစေရမယ် အဲ့လိုဖြစ်အောင်ကျနော်ကြိုးစားမယ် Aee 💕

🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌

ခိုင်မာသောဆုံးဖြတ်ချက်နဲ့နဲ့အတူ ဘန်ကောက်မြို့ကြီးသို့ pete တစ်ယောက်နောက်တစ်ခေါက်ပြန်ရောက်လာခဲ့သည်

"သူငယ်ချင်း ကဲ မင်းတစ်ရေးလောက်အိပ်လိုက်ဦး ညနေ ကျရင် ငါ့ကုမ္ပဏီကိုမင်းလာခဲ့
ဟာ ဟုတ်ဘူး နေဦး ကုမ္ပဏီကိုမလာနဲ့
အဲ့ဒီ့ရှေက ကော်ဖီဆိုင်မှာစောင့်နေ ညနေ 4:00 နော် ဒီတစ်ခါတော့ မင်း နယ်မပြန်ပါနဲ့ကွာ ငါ ရှီခိုးပါတယ် 🙏 နော်"

"အေးပါကွ ငါမပြန်ပါဘူး မင်းကိုကျေးဇူးတင်ပါတယ် ငါ့ကိုရင်ဆိုင်ဖို့သတ္တိတွေပေးခဲ့လို့ မင်းကြောင့်သာမဟုတ်ရင် ငါ တစ်ယောက်တည်း ငါ ......

ခိုင်မြဲသောအချစ် Where stories live. Discover now