ခိုင်မြဲသောအချစ် အပိုင်း (၃၂)
Ring Ring 📱📱📱
"ဟဲလို P ဘန်ကောက်ကိုပြန်ရောက်တာ ညီမကိုအသိတောင်မပေးဘူးနော် "
"အင်း စောရီး အကို အရေးပေါ်ပြန်လာလိုက်ရလို့ပါ
နောက်ပီး နောက်ကျနေပီလေ ညီမ မအိပ်သေးဘူးလား""အင်း p ကိုသတိရလို့ဆက်လိုက်တာ
P အိပ်တော့မလို့လား""မဟုတ်ဘူး ညီမ အကို အလုပ်မှာ ညဆိုင်းဆင်းရမယ် အလုပ်တွေ အရေးကြီးနေလို့ "
"ဟင် ဟုတ်လား ပင်ပန်နေတော့မှာဘဲ"
"ရတယ် ညီမ ဒါဆို နောက်နေ့မှတွေ့ကြမယ်လေနော် အခု အလုပ်တွေရှိသေးလို့ "
"ဟုတ် P ဂရုစိုက်နော်"ဒေါက် ဒေါက် 🚪
မနက် အစော 5:30တံခါးခေါက်သံကြားလိုက်ရလို့ စိတ်ထဲမှာ Chompoo များရောက်လာတာလားဆိုတဲ့စိတ်နဲ့ တံခါးဝကိုကြည့်မနေတော့ ကိုယ်လုပ်စရာရှိတာသာ လုပ်နေလိုက်တယ်
"ဟုတ် ဘယ်သူလဲဝင်လာပါ"
"သူဌေးဗျ"ချိုသာတဲ့အသံလေးကြားမှ မော့ကြည့်လ်ုက်တော့
"ဟင်ကောင်လေး အစောကြီး ဘာလာလုပ်တာလဲ "
ချက်ချင်းပင် ထိုင်ရာကထပီး Saint နားရောက်သွားတဲ့ သူဌေး Perth
"သူဌေး တွက်မနက်စာလာပို့တာပါ
သူဌေးကတစ်ညလုံးအလုပ်ဆင်းထားတာလေ ဒါ့ကြောင့် ကျနော် အစာပြေစားဖို့ မုန့်နဲ့ ကော်ဖီယူလာတာပါဗျ "ဒီစကားသံလေးကြားတော့ Perth တစ်ယောက်ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့အတူ ပျော်ရွှင်မှုပါ တစ်ပြိုင်နက်တည်းဖြစ်မိတယ်
ကိုယ့်ချစ်ရသူလေးက ခုလိုဂရုစိုက်တာမျိုး တစ်ခါမှရှိလိမ့်မယ် မထင်ထားခဲ့Saint ရဲ့လက်ကလေး ကိုဖွဖွလေး ဆုတ်ကိုင်ကာ
"ကောင်လေး" "ဗျာ "
"ကို ကျေးဇူးအများကြီးတင်ပါတယ်နော် ကို့ကို ဂရုစိုက်ပေးလို့ နောက်ပီးလေ ညကကိစ္စတွက်လဲ တောင်းပန်ပါတယ်နော်"
"ဘာကိုလဲ ဘာလို့တောင်းပန်တာလဲ"
"ညက ကိုမင်းကို နမ်းတာကြမ်းသွားလို့လေ"

YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕