ခိုင်မြဲသောအချစ် အပိုင်း (၂၀)
ဒီနေ့မနက် ထူးထူးဆန်းဆန်း ကျနော် အစောကြီးနိုးနေမိတယ်
ဘာရယ်တော့မဟုတ် ခုမှကိုယ့်အိမ်ကိုယ်ရောက်လာတဲ့ခံစားချက်မျိုးဖြစ်မိတယ်
အရင်ကဆို ဒီအိမ်ကနေ အချိန်တန်ရင်ထွက်သွားရမှာဘဲဆိုတဲ့ခံစားချက်နဲ့နေခဲ့ရပေမဲ့ အခုတော့ ဦးလေးကိုယ်တိုင်က ကျနော်နဲ့ pete ရဲ့ပတ်သတ်မှုကိုသိရှိပီးသားဖြစ်နေလို့ စိတ်တွေပေါ့ပါးပီးအရမ်းပျော်မိတယ်ကျနော်နိုးတော့အချိန်က မနက် 5:00 ဘဲရှိသေးတယ် 5:30 ဆို ဦးလေးကအမြဲ ဘုရားထရှိခိုးတတ်တယ် pete ကတော့ မနက် 6:00 ပုံမှန်ထလေ့ရှိတယ် ကျနော်ကတော့အိပ်ယာနိုးတာပုံသေမရှိပါဘူး ဒီနေ့မှစောစောနိုးပီး စိတ်တွေပေါ့ပါးလန်းဆန်းနေမိတာလေ
အိပ်ယာနိုးနိုးချင်းမျက်နှာသစ်ပီး မနက်စာ စီစဉ်ထားမှဆိုတဲ့အကြံနဲ့အောက်ထပ်ကိုဆင်းလာခဲ့တယ် သို့သော် peteရဲ့ အခန်းရှေ့ရောက်တော့ ခြေလှမ်းက အလိုလို pete အခန်းထဲ ရောက်သွားမိတယ် မနက်မိုးလင်း ချစ်သူလေးရဲ့မျက်နှာလေးတော့ ကြည့်ချင်မိသားလေ
အခန်းထဲရောက်တော့ မီးရောင်မှိန်ပြပြလေးအောက်မှာ ကွေးနေအောင်အိပ်နေတဲ့ ကျနော့်ခလေးလေး💕 အရမ်းကိုဖြူစင်လှပလွန်းပါတယ်ဗျာ
သူ့ရဲ့အလှတရားကိုသတိလွတ်နေတဲ့လူတစ်ယောက်လို ကျနော်
ထိုင်ငေးနေမိတယ် လှပတယ်ဆိုတာ မိန်းခလေးတွေ အတွက်ဘဲသုံးတာများတယ် ဒါပေမဲ့ကျနော့်ချစ်သူလေးအတွက်လှပခြင်းဆိုတဲ့စကားသုံနူန်းမှုက ကျနော့်ခလေးနဲ့ထိုက်တန်လွန်းပါတယ်ကျနော်လဲ သူနိုးမှာစိုးလို့ သူ့နဖူးလေးကိုဘဲအသာအယာလေးနမ်းပီးသာ ထွက်လာလိုက်တယ် ကျနော်ဆက်ထိုင်နေရင် ကျန်တာပါလုပ်မိမယ်ဆိုတာ သိနေတယ်လေ
သူကတော့ သိမဲ့ပုံတောင်မပေါ် ဆက်အိပ်နေလေရဲ့😴😴😴
🕣🕣🕣🕣🕣🕣🕣🕣🕣🕣🕣🕣🕣"အာ့ Aee အစောကြီးနိုးနေပါ့လား မွှေးနေတာဘဲဗျ ဘာတွေလုပ်ထားတာလဲဗျ"
"အော် နိုးပီလား အိပ်ပုပ်လေး ကိုကိုမနက်စာပြင်နေတာ လာ စားလို့ရပီ""ဟာ Aee နော် ကျနော်အိပ်ပုပ်မဟုတ်ပါဘူး😕
"ဘာလို့မဟုတ်ရမှာလဲ ကိုမနက်အစောက မင်းကို မောနင်း kiss လာပေးတာ မသိဘူးမဟုတ်လား ဟင် 😁"

YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕