ခိုင်မြဲသောအချစ် အပိုင်း (၁၇)
နွေးထွေးလှတဲ့ ရောင်ခြည်လေးနဲ့အတူ အစပြုလိုက်တဲ့ နံနက်ခင်းလေးဟာ ကျနော့်အတွက်တော့ ရင်ခုန်ကြည်နူးမှုအပြည့်ပါဘဲ ဗျာ ကျနော့်ရင်ခွင်ထဲမှာ ခလေးတစ်ယောက်ကိုဖြူစင်စွာကွေးကွေးလေးအိပ်နေတဲ့ ချစ်ရသူလေးမျက်နှာကိုစိုက်ကြည့်ရင်း အင်း ကျနော့်ဘဝမှာ အရာရာမေ့ပျောက်သွားနိုင်အောင် သူလေးကပြုစားထားသလားဘဲဗျာ💕
ညကတော်တော်လေး ပင်ပန်းသွားလို့ ထင်တယ် အိပ်နေလိုက်တာများ သိုးနေတာဘဲ ဖြူနုလှတဲ့မျက်နှာပြင်ပေါ်ကနဖူးလေးကိုအသာအယာနမ်းရင်း ရုတ်တရက်ဆိုသလို အတွေးတစ်ခုပေါ်လာတယ် ဒါကတော့😔
ကျနော့်နောက်ကိုအရိပ်မဲကြီးလို အမြဲလိုက်နေတဲ့ ကျနော့်ရဲ့ အတိတ်ဘဝ
ဘာမှန်းမသိတဲ့အတိတ်ဘဝကြီးက တစ်ချိန်ချိန်မှာ ကျနော့်ပျော်ရွှင်မှုတွေကို ဆွဲယူသွားလိမ့်မယ်ဆိုတဲ့ခံစားချက်
အရမ်းဆိုးတယ်ဗျာ အခုကျနော်အဖြစ်က
ကျေးဇူးရှင်ကို ကျေးဇူးမဆပ်နိုင်ဘဲ ကျေးဇူးကန်းတဲ့လုပ်ရပ်ပါဖြစ်နေသလား😔ဦးလေးနဲ့ pete ကျေးဇူးကြောင့် ကျတော်အသက်ရှင်ခဲ့ရတယ် သူတို့စောင့်ရှောက်မှုနဲ့ ကျနော်အေးချမ်းစွာနေခဲ့ရတယ် ကျနော်နဲ့ pete အကြောင်း ဦးလေးများသိသွားခဲ့ရင်
ဦးလေး ခံနိုင်ရည်ရှိပါ့မလား
ကျနော် ကကောရင်ဆိုင်နိုင်ပါ့မလား 😔ဒါပေမဲ့လဲ ကျနော် peteကိုချစ်တယ် လုံးဝ အဆုံးရူံးမခံနိုင်ဘူး pete နဲ့နီးရဖို့အတွက်ဆို ကျနော် ဘာမဆိုလုပ်မှာ အတွေးတွေတွေးနေရင်း ကျနော် မျက်ရည်ပါဝဲလာမိသည်😢
"ကို ခလေးကို အဆုံးရှုံးမခံနိုင်တော့ဘူးကွာ😘"
ဝေးသွားမှာကြောက်မိတဲ့စိတ်နဲ့ အတူ
ကျနော့် သူလေးကို တင်းကျပ်စွာထွေးပွေ့ရင်း အနမ်းခြွေလိုက်မိတယ်😘ကျနော့် ဖက်တာကြမ်းသွားတယ်ထင်တယ်
သူလေးနိုးလာပါပီ"ကိုကို အဟွတ် အသက်ရှူကျပ်တယ်
ဟင် ခလေး ကို့ကို ဘယ်လိုခေါ်လိုက်တယ်
ပြန်ခေါ်ပါဦး
အိပ်ချင်မူးတူးမျက်နှာလေးနဲ့ ကျနော့်ကိုစိုက်ကြည့်ပီး

YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕