Part 31

1.4K 74 12
                                    

ခိုင်မြဲသောအချစ် အပိုင်း (၃၁)

Ring Ring 📱📱ကောင်းခန်းရောက်မှ ဖျက်ဆီးလိုက်သော ဖုန်းသံ

Perth တစ်ယောက် Saint ရဲ့ နှုတ်ခမ်းအစုံကို
စိတ်မထိန်းနိုင်တော့ဘဲ နမ်းရန် အနီးကပ်ဆုံးနေရာရောက်သော် ဝင်လာလိုက်တဲ့ ဖုန်းသံကြောင့် 2 ယောက်သား လန့် သွားသည်

2 ယောက်သား မျက်နှာမှာလဲ အရှက်တရားများစွာဖုံးလွှမ်းနေသည်

"ဟဲလို ဗျ
"ဟဲလို သားလေးလား
"ဟုတ်ဖေဖေ ဘာလို့လဲ ဗျ

"အေး သား အခုချက်ချင်း
ဘန်ကောက်ကိုပြန်လာခဲ့မှရမယ်
အရေးပေါ် ရှယ်ယာအစည်းအဝေးခေါ်ရမယ်သား ရှယ်ယာဈေးတွေ ထိုးကျနေတယ် မြန်မြန်လာခဲ့သား"

"ဟုတ် ဟုတ် ဖေဖေ သား ခုချက်ချင်းထွက်ခဲ့ပါ့မယ်"

"ဘာ ဘာဖြစ်လို့လဲဟင် သူဌေး
"Saint ကို ခုချက်ချင်း ဘန်ကောက်ကိုအမြန်ပြန်ရမယ်

"ဟင် ဘာဖြစ်လို့လဲဟင်
"ကုမ္ပဏီမှာ ပြသနာတတ်လို့ အခုရှုယ်ယာဈေးတွေ ထိုးကျနေတယ် အရေးပေါ်ဖြစ် နေတယ်
လာ ကို့ကျောပေါ်တတ် ကုန်းပိုးလိုက်

"ရ ရပါတယ် သူဌေး အရမ်းအရေးကြီးနေပီဘဲ သွားနှင့်ပါ ကျနော်ဖြေးဖြေးချင်းဆင်းလာခဲ့မယ် "

"မရဘူး ကောင်လေး ငါစိတ်မချဘူး တစ်ဖက်က ဘယ်လောက်အရေးကြီးနေပါစေ မင်းလောက်တော့ ဘယ်အရာကိုမှ ဦးစားမပေးနိုင်ဘူး စကားမများနဲ့ လာ
တတ်ဆိုတတ်လိုက် "

ဒီစကားဟာ ကျနော့်အား ငေါက်ငမ်းပြောဆိုခြင်းပင်ဖြစ်သည် ဒါပေမဲ့ ဘာလို့ ကျနော် ကျေနပ်မိနေတာလဲ ပီတိဖြာနေတာလဲ မပြောတတ် သူကျနော့်ကိုစိတ်မချဘူးတဲ့ဗျာ

သူ့ရဲ့ ကျောပေါ်ကို ကျနော့်ရင်ဘတ်လေး အပ်ပီး သူ့ရဲ့ အနွေးဓာတ်လေးကိုသာ ကျနော် အပြည့်အဝ ယူနေမိသည် 💕

"ဟာ သူဌေးလာပီ သူဌေးဗျ Saint ဘာဖြစ်တာလဲ"
" ချော်ကျတာ P
P"plan ဗျ ကျနော် အရေးပေါ် ကုမ္ပဏီကိုပြန်ရမယ် အဲ့ဒါ P တို့ နဂိုအစီအစဉ်အတိုင်း ညနေမှတတ်လာခဲ့
နောက်ပီး အားလုံးဘဲ Saint ကိုဂရုစိုက်ပေးကြပါ သူခြေထောက်ဒဏ်ရာရထားတယ်
ဒါဆို အားလုံးဘဲ ကျနော်သွားတောမ့ယ်

ခိုင်မြဲသောအချစ် Where stories live. Discover now