ခိုင်မြဲသောအချစ် အပိုင်း 40
💕အချစ်ဆိုတာ အရာရာကိုဖန်တီးနိုင်စွမ်းရှိတယ်လို့လူတွေဆိုကြတယ်
အခက်အခဲတွေရှိခဲ့ရင်တောင်အချစ်အတွက် လူတွေဟာအသက်ပေးဖို့တောင်ဝန်မလေးတတ်ကြဘူး💕
💕တစ်စုံတရာကိုချစ်နေတာက ကွုန်တော်တို့အတွက် လှပတဲ့ မနက်ဖြန်တိုင်းကို ဖြစ်ပေါ်စေတယ်မဟုတ်လား
အချစ်ဆိုတာ ကျနော်တို့ဘဝရဲ့ မရှိမဖြစ်လိုအပ်ချက်တစ်ခုဘဲလေ💕💕💕💕💕💕💕💕💕💕💕💕
"အိစက်ငြိမ့်ညောတဲ့ အိပ်ယာထက်မှာ
ရင်ခွင်ထဲက နွေးထွေးတဲ့အထိအတွေ့နဲ့အတူ တိုးဝေ့နေတဲ့အကောင်ပေါက်လေးကြောင့် ကျနော် မျက်လုံးဖွင့်ပီး ငုံ့ကြည့်မိလိုက်သည်
ဟုတ်ပါတယ် တကယ့်ကိုအကောင်ပေါက်လေးပါ တစ်ညလုံး ကျနော့်အလိုကျဖြစ်စေခဲ့တဲ့အကောင်ပေါက်လေး သူလေးနှုတ်ခမ်းလေးထက်မှာ ကျနော်ပေးတဲ့အမှတ်အသားလေးတွေနဲ့ လှပလို့နေတယ် ရူးတယ် ကျနော် ရူးတယ် ဒီတစ်ယောက်အတွက် ကျနော်တော်တော်ကိုရူးခါနေပါပီ
ရူးခါလွန်းလို့ အနားမှာရှိနေတာတောင် ဆုံးရှုံးရမှာလဲကြောက်မိနေတဲ့အထိဘဲ
တစ်ညလုံးပင်ပန်းထားတဲ့အရှိန်ကြောင့်ရယ် ရင်ခွင်ထဲကအကောင်ပေါက်လေးမနိုးစေချင်တာရယ်ကြောင့် သူ့နဖူးလေးကိုအသာနမ်းလို့ကျနော်လဲ တစ်ကျော့ပြန် အိပ်ပျော်သွားမိတော့တယ်ကျနော်တို့ လက်ထပ်ပီးကတည်းက Pete ဟာ ကျနော့်မိဘအိမ်မှာ လိုက် နေပေးခဲ့တယ် အစကတော့ ကျနော်တို့အိမ်သပ်သပ်စီစဉ်မလို့လုပ်ပေမဲ့ မေမေကလဲသူတို့နဲ့တစ်နှစ်လောက်အတူတူနေစေချင်တာကော
Peteကလဲမိဘမေတ္တာလိုချင်တယ်ဆိုတာရယ်ကြောင့် မိဘအိမ်မှာဘဲ အတူတူနေဖြစ်ခဲ့တယ်လေအခုဆို ကျနော်တို့ အိမ်ထောင်သက် 6 လတောင်ကျော်ခဲ့ပီလေ အရင်က Pete ကို အိမ်ကမိဘတွေနဲ့ အဆင်မပြေမှာကြောက်ခဲ့ပေမဲ့ Pete ကအပေါင်းအသင်းတော်တယ် ကျနော့်မိဘတွေအပေါ်လဲရိုသေတဲ့အပြင် ယောက်ျားလေးတန်မဲ့အိမ်မှုကိစ္စလဲနိုင်နင်းတဲ့အတွက်
ကျနော့်မိသားစုနဲ့ ထင်ထားတာထက်ကို အဆင်ပြေနေတာကိုတွေ့ရတယ်မေမေကလဲသူ့ကိုသားအရင်းလိုချစ်ခင်တာတွေ့ရတော့ ကျနော်အရမ်းစိတ်ချမ်းသာရတာပေါ့
နောက်ပီး မေမေကကျနော် တို့ 2 ယောက်ကို ခေါ်တာကအစ သားကြီး နဲ့သားငယ်တဲ့လေ မသိရင် ကျနော်တို့က ညီအကိုတွေလိုဘာလိုလို 😁
![](https://img.wattpad.com/cover/179287100-288-k648407.jpg)
YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕