Part 41

1.3K 90 3
                                    

ခိုင်မြဲသောအချစ် အပိုင်း (41)

💕လူတွေက ပြောကြတယ်အချစ်ကိုစတင်ဖို့အတွက် ရွေးချယ်ခွင့် အပြည့်အဝရှိပေမဲ့ အဆုံးသတ်ဖို့အတွက်တော့ အခွင့်မရှိဘူးတဲ့လေ ဒါပေမဲ့ကို့အချစ်အဆုံးသတ်အတွက်ကတော့ ကို့မှာရွေးချယ်ခွင့်ရှိတယ် Pete💕

💕တစ်စုံတစ်ယောက်ကိုချစ်တာဟာ အကြောင်းအရင်းမရှိချစ်လို့ကိုချစ်တာပါ သာယာလှပတဲ့အချစ်အိမ်လေးတည်ဆောက်ဖို့အတွက်ဘာအကြောင်းပြချက်မှမလိုပါဘူး Ae 💕

💕💕💕💕💕💕💕💕💕💕

😆ဟား ဟား Saint နင်က ကလေးမွေးမယ်ဟုတ်လား
နင်က ကိုကိုနဲ့ ပျော်ရွှင်တဲ့ဘဝတည်ဆောက်ချင်သေးတယ်ပေါ့ ဟုတ်လား  နင်ကဘယ်လိုလုပ်ပီဖန်တီးနိုင်မလဲ
နင်က ယောက်ျာ လေးဘဲလေ ယောက်ျားလေးတစ်ယောက်ကခလေးဘယ်လိုမွေးနိုင်မလဲ နင်သိလားယောက်ျားတွေကလေ အချိန်တန်ရင် သူတို့မျိုးဆက်ကိုမွေးပေးနိုင်တဲ့ မိန်းမတွေကိုဘဲတောင့်တလာတတ်ကြတာလေ နင်မလုပ်နိုင်ပါဘူးsaint ရာ ဟား ဟား ဟား 😆😆😆

ဟင်းးး မဟုတ်ဘူး မဟုတ်ဘူး ငါလုပ်နိုင်တယ် Chompoo
မဟုတ်ဘူး ငါလုပ်ပြမယ် အားး
ဟောဟဲ ဟောဟဲ😢😢

ငါ ငါ ဒီအိမ်မက်ဘဲ မက်ပြန်ပီ 
ဒီရက်ပိုင်း ဒီလိုတူညီတဲ့ အိမ်မက်ဘဲ မက်မက်နေတယ် 😔

💕💕💕💕💕

ဟိုနေ့က ကျနော်တို့ ကလေးကိစ္စနဲ့ စကားများပီးတဲ့နောက်ပိုင်း Ae အိမ်ပြန်မလာတာ 3 ရက်တောင်ရှိပီ
သူပြန်မလာတဲ့ရက်တွေမှာ ကျနော် အိမ်မက်ဆိုးမက်ပီး ညည လန့်နိုးနေကျ ခါတိုင်းတို့ဝှေ့နေကျရင်ခွင်ကျယ်ကြီးလဲ ကျနော့်အနားမှာ မရှိတော့ဘူး ချိုသာစွာပြောတတ်တဲ့ သူစကားလေးတွေလဲ မကြားရတော့ဘူး

နေနိုင်လိုက်တာ Ae ရယ် 3 ရက်ဆိုတဲ့ အချိန်ဟာ ကျနော့် အတွက် တော့ 3 နှစ်မကကြာပါတယ် Ae ကို လွမ်းလွန်းလို့ကျနော့်နှလုံးသားတွေဆွေမြေ့နေပီထင်ပါတယ် ဘာလို့များ Ae နှလုံးသား မာကြောသွားတာပါလိမ့် ဘယ်အရာက Ae ကို စိတ်ဆိုးစေတာပါလိမ့်

ကလေးကိစ္စ ဇွတ်လုပ်မယ်ပြောလို့လား ဒါမှ မဟုတ် ကျနော် ကွာရှင်းဖို့အထိ ထုတ်ပြောလိုက်လို့လား
ကျနော် တောင်းပန်ပါတယ် Ae 🙏
ပြန်လာပါတော့ ကျနော် လမ်းခွဲမဲ့အကြောင်း ဘယ်တော့မှ မပြောတော့ပါဘူး 

ခိုင်မြဲသောအချစ် Where stories live. Discover now