ခိုင်မြဲသောအချစ် အပိုင်း (၃၇)
အချိန်ကား မနက် 5:45 AM
မနက်မိုးလင်း ကျနော့်ရင်ခွင်ထဲမှာ တုန်ပီး ယောင်အော်နေသော ကောင်လေးကြောင့် ကျနော် လန့်နိုးသွားမိသည် ကျနော့်ရင်ခွင်ထဲနေပီးတစ်ကိုယ်လုံးတုန်နေပီး နှုတ်မှလဲ ကယောင်ကတမ်းအော်နေလေ၏
"မ မသွားပါနဲ့ ကျ ကျနော်ကို့မထားသွားပါနဲ့
မ မ ထား......"အော် အိမ်မက်ထဲမှာ ကျနော်ကသူ့ကိုထားသွားတယ် လို့မက်နေတယ်ထင်တယ်
သူ့အသံလေးကြားတော့ ကျနော်ရင်ဘတ်တွေဆူးအောင့်လာပီး မျက်ရည်ပါဝဲမိတယ်
ကျနော့်ကြောင့်သူလေးအရမ်းခံစားခဲ့ရတယ် အရမ်းအထီးကျန်ခဲ့ရတယ် ကြောက်လန့်နေခဲ့ရတာဘဲ ကျနော် ဟာ တော်တော်မကောင်းတဲ့ကောင်ဘဲ ကိုယ့်ချစ်သူကိုမေ့ရလောက်ထိ အသုံးမကျတာဘဲ
သူလေးကိုသေချာကြည့်တော့လူကသာမနိုးတာနှုတ်ကကယောင်ကတမ်းပြောပီးမျက်ဝန်းလေးထဲကမျက်ရည်စများစီးကျနေတယ် ကျနော်လဲ သူလေးရဲ့ နဖူးလေးကို ဖွဖွလေး နမ်းလိုက်မိတယ်😘
သူတုန်နေတုန်းဘဲ နိုးလိုက်ရင် ရပေမဲ့ ကျနော့် ခလေးလေး အိပ်ရေးပျက်မှာလဲစိုးတယ်လေနောက်တော့ ကျနော် သူ့ခန္ဓာကိုယ်လေးကိုတင်းကျပ်စွာဖက်ထားပီး နှုတ်ခမ်းလေးကို ညင်သာစွာ အနမ်းပေးလိုက်တယ်😘
အဲ့တော့မှ ကျေးဇူးရှင်လေးက တုန်သွားတာရပ်သွားတော့တယ် တကယ့်ကိုခလေးလေးပါဘဲဗျာ😊
သူပြန်အိပ်မောကျတယ်ထင်လို့ နမ်းနေတာကနေ ခွာလိုက်တော့"အင်း ဟင့် ဟင့် အင်းးး .........
ခလေးလေးလို ရှိုက်လာပြန်တယ်"အော် သိပ်ချစ်ဖို့ကောင်းတဲ့ခလေးရယ် "
ကျနော်လဲ ရှိုက်နေတဲ့ခလေးရဲ့နှုတ်ခမ်းလွှာလေးကို နမ်းရူံတင်မဟုတ်ဘဲ ကျနော့်ခံတွင်းထဲငုံပါထားလိုက်မိတော့သည်
အခန်းငယ်လေးအတွင်းသို့ နွေးထွေးစွာကျရောက်တဲ့ နေရောင်ခြည်လေးနဲ့အတူ ချစ်ရသူလေးကိုနူးညံ့တဲ့အနမ်းတွေပေးရင်ကျနော့်ရဲ့နံနက်ခင်းလေးဟာ လှပပြည့်စုံလို့်နေတယ်
YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕