ခိုင်မြဲသောအချစ် အပိုင်း (၁၄)
ထူးထူးခြားခြား Aee တစ်ယောက်နေမကောင်းဖြစ်ထားတာတောင်မှ စောစောနိုးနေလေသည်
သူအောက်ဆင်းလာသော် ဦးလေးဖြစ်သူက မနက်စာတောင်ပြင်ဆင်ပီးနေပီ
🍛🍛🍛🍲🍲🍲🍲"မင်္ဂလာပါဗျ ဟာ ဦးလေး မနက်စာပြင်နေတာလား ကျနော် လုပ်ပေးပါ့မယ် ဗျ"
"ရတယ်သား အကုန်ပီးပီ သား pete ကိုဘဲသွားနိုးပေးပါ သူညက အိပ်ရေးပျက်ထားလို့ထင်တယ် မထသေးဘူး ဦးလေးသွားနိုးသေးတယ် အိပ်မောကျနေလို့ အခုတော့နေမြင့်နေပီ နိုးလိုက်တောနော်"
"ဟုတ်"
😴😴😴😴😴😴😴😴😴😴😴😴
ပါးဖောင်းဖောင်း မေးခွုန်ခွုန်လေးနဲ့ ချစ်စဖွယ်အိပ်စက်နေသော အသစ်စက်စက်ချစ်သူလေးကိုနိုးရမှာဆိုတော့ ဒီတိုင်းနိုးလို့ဘယ်ဖြစ်မလဲ
Aee တစ်ယောက် အိပ်နေသော pete သေချာစိုက်ကြည့်နေမိသည် အတွေးတွေလဲနယ်ချဲ့လို့ပေါ့
သူသိပ်ချစ်တဲ့
Pete ကိုသူအဆုံးမခံနိုင် သူ့အတိတ်ကဘာမှန်းသူမသိပေမဲ့ အတိတ်ပြန်သတိရရင်တောင် သူ့ချစ်သူလက်ကိုလုံးဝမလွှတ်ဘူးလို့ဆုံးဖြတ်ထားတယ် 🤘🤘ကျနော် pete ကိုသိပ်ချစ်တယ်ဗျာ ကျနော့်အတိတ်ကိုသတိမရပေမဲ့ သူ့ကိုချစ်တဲ့နှလုံးသားလေးကပြောနေတယ် ကျနော့်ဘဝမှာ ရင်အခုန်ရဆုံးအချစ်ရဆုံးက pete တစ်ယောက်တည်း ဆိုတာကိုပေါ့
သိပ်ချစ်တယ် pete ရယ် မင်းလေးကို ငါ့နှလုံးသားနဲ့အတူ ငါ့ဘဝကြီးကိုပါ ပုံပေးထားလိုက်ပီနော် 💕Aee တစ်ယောက် အိပ်ပျော်နေသော pete ရဲ့မျက်နှာလေးကိုသေချာကြည့်ရင်း နဖူးလေးကို ညင်သာစွာနမ်းလိုက်လေသည်
သို့သော် pete ကမနိုးပေ😴😴😴"အော် နူးနူးညံ့ညံ့နိုးတာကိုသူကမထဘူး မနိုးဘူးပေါ့ ရတယ်လေ"
လို့ ပြောပီး peteပါးနှစ်ဖက်ကို သူ့နှာခေါင်းနစ်ဝင်သွားတဲ့အထိရှိုက်နမ်းပစ်လိုက်သည်💋အဲ့ဒီ့အခါမှ pete နိုးလာပီး
"ဟာ Aee ဘယ်လိုလုပ်ကျနော့်အခန်းထဲရောက်နေတာလဲ"" ဘာလဲ မင်းမမှတ်မိဘူးလား pete
ညက။ တို့ 2 ယောက်အတူတူနေခဲ့ကြတာကိုလေ"😁"😲Aeee ဘာတွေပြောနေတာလဲ ညကအတူနေတယ် ဟုတ်လား ကျနော်ဘာလို့မမှတ်မိတာလဲ ညက Aee အခန်းကနေ ကျနော်ပြန်လာပါတယ်ဗျ ပီးတော့ ကျနော် ဒီတိုင်းအိပ်ပျော်သွားတာဘဲကို ဘယ်လိုလုပ်ကျနော်က Aee နဲ့အတူနေရမှာလဲ 😲 ဟင် "
YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕