ခိုင်မြဲသောအချစ် အပိုင်း (၂၅)
သေသောသူကြာရင်မေ့ ပျောက်သောသူရှာရင်တွေ့ဆိုတဲ့စကားအတိုင်း ချစ်သူပျောက်နေသော ကောင်လေးတစ်ယောက် 👦
ဘန်ကောက်မြို့ကြီးကိုရောက်လာလေပီ
ရောက်တုန်းတော့ ချစ်ရသူကို လွမ်းတဲ့စိတ်ကလေးတွေ ခဏဖျောက်ဖို့အပြင်ထွက်လာခဲ့တယ်meanနဲ့ ချိန်းထားတဲ့အချိန် မရောက်သေးပေမဲ့လဲ ကုမ္ပဏီကို ကြိုပီးစောရောက်လာခဲ့သည် ပျင်းလဲပျင်းနေတော့ လျောက်ပတ်ကြည့်တာပေါ့လေ 👀
Mean ရဲ့ အလုပ်ကုမ္ပဏီရောက်တော့
ဝါးးးးး ကြီးလိုက်တဲ့အဆောက်အဦးကြီး ဒီကုမ္ပဏီကိုပိုင်ဆိုင်တဲ့သူကတော့ တော်တော်ချမ်းသာမှာဘဲ
"Meanက ဘယ်နားမှာလုပ်တာပါလိမ့်"
Peteတစ်ယောက်ဟိုငေး ဒီငေးနဲ့ ကုမ္ပဏီ ထဲဝင်သွားလေသည် ကြီးကျယ်လှသော အဆောက်အဦးထဲ လူအများကြီး လူပ်ရှားသွားလာနေကြသည်
ထိုစဉ်
မိမိရှေ့ဘေးဘယ်ညာဝန်းကျင်
ကုမ္ပဏီထဲမှာရှိတဲ့လူတော်တော်များများ ဦးညွတ်ကာအရိုအသေပေးနေကြတာကို ခံယူနေတဲ့ လူတစ်ယောက် 👨'ဘယ်သူမို့လို့ အဲ့လောက် အရိုသေပေးနေတာလဲ အကြီးကဲမို့လို့လားလို့တွေးမိပီး လှည့်ကြည့်မိလိုက်တော့
ထိုသူကား perth
😳အံ့ဩမှင်သက်မှုနဲ့အတူ
မိမိဘေးမှ ဖြတ်သွားတဲ့သူကို ကြောင်ငေးနေမိသည်😳 ဟင် ဒီ ဒီလူက Aee Aee ဘဲ မဖြစ်နိုင်ဘူး
Peteတစ်ယောက် perthရှိရာ ပြေးပီး perth ရဲ့ လက်ကိုနောက်ကနေလှမ်းဆွဲလိုက်သည် ❤
A Ae Aee Kha Aee က ဘယ်လိုလုပ် ဒီရောက်နေတာလဲ
ကျ ကျနော့်ဆီ ဘာလို့ပြန်မလာတာလဲ
ကျနော် Aeeကိုစောင့်နေခဲ့တာ Aee kha
ကျ ကျနော်နေဦး ကောင်လေး မင်း ဘယ်သူလဲ 🤔
⚡ ရုတ်တစ်ရက်အံ့ဩမှုနဲ့အတူ နားမလည်ဖြစ်သွားမိတဲ့စကားက
"မင်း မင်းဘယ်သူလဲတဲ့လား "
"Aee ဘာတွေပြောနေတာလဲ ကျနော်လေ ကျနော် pete လေဗျာ "
YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕