Part 7

1.5K 102 4
                                    

ခိုင်မြဲသော အချစ် အပိုင်း (၇)

အော် ဘာလိုလိုနဲ့ ဒီနေ့ ဟိုလူဆေးရုံဆင်းရတော့မယ်
သူ့အတွက်အခန်းလေးကို ကျနော်သေသေချာချာ ပြင်ဆင်ပေးရင်းတွေးနေမိတယ်

သူဒီမှာနေရင် ကျနော်တို့အတူ ဈေးတွေသွားမယ် အတူအိမ်သန့်ရှင်ရေးလုပ်မယ် ရုပ်ရှင်တွေလဲကြည့်မယ်စကားတွေပြောကြမယ်ကျနော့်အတွက် အကိုတစ်ယောက်ကောက်ရသလို အားကိုမိတယ် ပျော်မိတယ်

သူအိပ်မဲ့အိပ်ယာစောင်လေးတွေကအစ အသစ်စက်စက်လေးတွေ ထုတ်ထားပီ အခန်းကိုလှပသေသပ်စွာပြင်ဆင်ပေးနေမိတယ် နူတ်ကလဲသီချင်းလေး တငြီငြီနဲ့ပေါ့

🎼🎼🎼🎼🎼🎼

"ဟဲ့ သားလေး
ဒီနေ့ ဟိုကောင်လေးဆေးရုံဆင်းမှာမို့လား"

"ဟုတ်တယ်ဖေဖေ ဒီနေ့ဆင်းရမယ်တဲ့"

"အော်ဒါ့ကြောင့် ငါ့သား အခန်ရှင်းနေတာကိုး ငါ့သားဒီရက်ပိုင်းကြည့်ရတာ အူမြူးနေတယ်နော် ဟိုနေ့ကလဲ အိမ်ပြန်မလာဘူး ဆေးရုံလဲ ခဏခဏကိုသွားတယ် ချောင်းတောင်ပေါက်တော့မယ်😄😄"

"ဟာဖေဖေကလဲ ချောင်းမပေါက်ပါဘူး တစ်နေ့တစ်ခါဘဲသွားတာကို ဟိုနေ့ကပြန်မလာတာကလဲ ဟိုလူ မသက်သာလို့ တစ်ခုခုဖြစ်ရင်လူရှိဖို့လိုအပ်တယ်လေ ဒါ့ကြောင့်အဖော်အဖြစ်နေပေးတာပါဖေဖေရဲ့"

"အေးပါသားရယ် ဆရာမလေးကြောင့်တာ့ မဟုတ်ဘူးပေါ့နော် 😁😁"

"ဟာဖေဖေ အဲ့ဆရာမလေးနဲ့သားကိုစလို့ပီးဦးမှာလား"

"အင်း သားတို့ယူပီရင်တော့ ဖေဖေမစတော့ပါဘူး"

" ဟာဖေဖေနော် သားကမိန်းမမယူဘူးလို့ပြောထားတာဘဲ
သားကဖေဖေနဲ့အတူနေပီး လူပျိုကြီးဘဲလုပ်မှာပါဆို"
(ဟုတ်လို့လားသားငယ် မိန်မမယူ ယောကျာ်းဘဲယူမှာ အမေသိနေတယ်လေ ဌံဌဲဌဲ🤣🤣)

အေးပါစောင့်ကြည့်မယ် နောက်မှ ဒီအဖေအိုကြီးကိုထားသွားလို့ကတော့နော်

"ဖေဖေသားကိုဘဲစမနေနဲ့ ဆေးသောက်ပီးပီလား သွားသောက်လိုက်ဦးလေ"
"ဟားဟား အေးပါကွာ မင်းကအဖေပြန်လုပ်နေတာဘဲ"

ခိုင်မြဲသောအချစ် Where stories live. Discover now