ခိုင်မြဲသောအချစ် အပိုင်း (39/1)
အရမ်းရှည်တဲ့တွက် တစ်ခါတည်း အပီးတင်တာ
တင်လို့မရလို့ 2ပိုင်း ခွဲတင်ပါရစေနော် အရေးအသားမကောင်းတဲ့အပြင်နောက်ကျသွားလို့ ခွင့်လွှတ်ပါ
🙏🙏🙏ခမ်းနားကြီးကျယ်လှသော မင်္ဂလာခန်းမကြီးထဲဝယ် 🏰လူကုံထံအသိုင်းအဝိုင်းများ ကုမ္ပဏီ အဖွဲ့သူအဖွဲ့သားများဖြင့်စည်ကားလျှက်.........
"မင်္ဂလာပါဗျ ဥက္ကဌကြီး" 🙏
"အာ ဟုတ်ကဲ့🙏 အခုလိုလာပေးတဲ့အတွက်ကျေးဇူးပါဗျာ "
"ရပါတယ် မိတ်ရင်းတွေဘဲ လာရမှာပေါ့ ဒါနဲ့ ဥက္ကဌကြီးက သားအတွက် အိမ်ထောင်ဖက်ရှာတာ အရှာတော်တယ်နော်
ဒီလောက်ချောမောလှပတဲ့ ကောင်လေးကို ခွေုးမနေရာပေးနိုင်တာ တကယ်ချီးကျူးတယ်ဗျာ ဒါနဲ့နောက်ပိုင်းတွေဘယ်လိုတောင် ဆက်ဖြစ်မလဲ ကျနော်တော့သိချင်သား""အော် ဟုတ် ခုလိုချီးကျူးတာ ကျေးဇူးပါဗျာကျ ကျနော် တစ်ခြားမိတ်ဆွေတွေသွားနူတ်ဆက်လိုက်ပါဦးမယ် ဗျ အေးဆေးနေကြပါနော် "
*အင်းမြန်မြန်သွားမှ ဆက်နေ နေရင် ငါအရှက်ကွဲတော့မှာဘဲ
ဟူးးးး ရှက်လိုက်တာကွာ *(Perth ဖခင်မှာ မင်္ဂလာပွဲသာကျင်းပရတာ ရင်တမမ နဲ့ သူ့လိုထိုင်းနိုင်ငံအချမ်းသာဆုံးစာရင်းဝင်သူဌေးတစ်ဦးအနေနဲ့သားတစ်ယောက်ကို ယောက်ျားပေးစားရတယ်ဆိုတာ အရမ်းခံရခက်စေမှန်း ဘယ်သူမှမသိလောက်ပေ ပိုဆိုးတာက သားဖြစ်သူက သိပ်မကြာခင်ကပင် မင်္ဂလာပွဲပျက်ထားသည်မဟုတ်လား)
*အော် ဖြစ်သမျှ အကြောင်းအကောင်းပေါ့
ငါ့သားလေးကို တစ်ခါဆုံးရှုံးခဲ့ရပီးပီဘဲ အရှက်ဆိုတာ အရေးမကြီးတော့ပါဘူးး
ငါ့သားပျော်ရွှင်ဖို့အရေးကြီးပါတယ်လေ*(စကားပြောသံများဖြင့်ဆူညံနေသော ခန်းမကြီး၏အခြားတစ်ဖက်မှာတော့
ထိုင်းရိုးရာမင်္ဂလာဝတ်စုံကိုလှပသေသပ်စွာဝတ်စားထားပီ မင်္ဂလာပွဲအတွက်ရင်ခုန်နေသူ( Saint)
အကုန်ပြင်ဆင်ပီး ပွဲစဖို့လဲ နာရီဝက်ဝန်းကျင်သာလိုတော့သည်မို့ မင်္ဂလာအချိန်းကိုစောင့်ရင်း အတွေးလေးတွေ ချဲ့ထွင်မိနေသည်)*ပျော်သည် ကျနော် အရမ်းကို ပျော်နေပါတယ် ဘဝမှာ အမြဲ အခက်အခဲနဲ့တွေ့ခဲ့တာ အချစ်ရေးမှာကံကောင်းလိမ့်မယ်မထင်ထားခဲ့ အခုချိန်မှာအပျော်ဆုံးလူသားကိုပြပါဆို ကျနော်တစ်ယောက်ဘဲရှိလိမ့်မယ်ထင်သည်
အပျော်တွေထဲကတစ်ခုကတော့ ကျနော်ရဲ့ ငယ်သူချင်းကြီး Mean တို့စုံတွဲဆက်ဆံရေးကို အန်တီ ရန်းက လူကြီးပီပီ နားလည်လက်ခံပေးခြင်းပင်
Mean နဲ့ P"Plan တို့လဲအတိုင်းမသိပျော်ရွှင်နေလိမ့်မယ်ဆိုတာသိနေတယ်
YOU ARE READING
ခိုင်မြဲသောအချစ်
Romanceဒီကားလေးက Drema ချိုးထားတဲ့။ HE ဇာတ်လေးပါ ဇာတ်လမ်းလေးက နည်းနည်းရှည်ပါတယ် PerthSaint ဆိုတဲ့ ခလေး2 ယောက်ရဲ့ပြင်ပဘဝကိုခံစားပီး အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ခိုင်မာတဲ့အချစ်တွေကိုဖော်ညွှန်းထားတဲ့ဇာတ်လေးမို့ အရေးအသားမကောင်းပေမဲ့ဝေဖန်ဖတ်ရှုပေးကြပါ 💕💕💕