အခန်း (၁)

816 18 5
                                    

Happy Halloween 🎃👻 & Hello November ☘️

••••••••••••••••••••••••••••••••••••••••••••••••••

'မိုးသားမြူခိုးတွေဝေ ဝိုးတဝါးအတိတ်မြူတို့လွှမ်းရစ်‌ထွေးပိုက်စေ'

မဲညစ်ဖြောင့်ဖြူးနေတဲ့ပေတရာကားလမ်းမဟာ အိကျညှို့မှိုင်းလို့လာနေတဲ့ မိုးသားထုတို့နဲ့အပြိုင် ‌တရွေ့ရွေ့ရှပ်ပြေးကာနေတဲ့ မာစီးဒိစ်အဖြူ‌လေးအား ရက်စက်ကြမ်းကြုတ်မှုတို့နဲ့ လက်ဖျောက်တီးစိန်ခေါ်လို့နေသည်။

လေငြိမ်ပြီးမကြာပါချေ လမ်းဘေးတစ်လျှောက်ရှိ ပျဉ်းမပန်းခိုင်တို့ရဲ့အရွက်ညှာတံတို့လှုပ်ခတ်လာလေပြီး မိုးသီးမိုးပေါက်‌တို့တဖွဲဖွဲသက်ဆင်းလာချေပြီ

ကားမှန်ပြတင်းပေါ်လွင့်စင်ထိကျလာတဲ့မိုးစက်မိုးပေါက်တို့ကို ဝိုက်ပါနဲ့ရှင်းလိုက်တော့ ဝေဝါးဝါးမြင်ကွင်းတွေကတဖန်ရှင်းလင်းသွားပေမယ့်လို့ သစ်လွင်စွာထိတွေ့လာပြန်တဲ့ရေစက်ရေပေါက်တို့ကြောင့် အစိမ်းရောင်တွေဖြတ်ပြေးနေတဲ့မြင်ကွင်းတို့က ‌တဖန်ပြန်၍ မှုန်ဝါးသွားပြန်လေ၏။

အချိန်မှာ ည၆နာရီကျော်ပြီမို့ မှောင်ရီပျို့ချိန်လောက်ရှိချေပြီ ...ဟိုင်းဝေးလမ်းမထက်မှာယဉ်အသွားအလာပြတ်လပ်နေခဲ့ပြီး မာစီးဒီးစ်အဖြူလေးတစ်စီးသာလျှင် အမောတကောမောင်းနှင်နေခဲ့ရှာ၏။

ထိုကားအဖြူလေးထဲမှာလိုက်ပါစီးနင်းလာတဲ့ခရီးသည်လေးနှစ်ယောက်မှာ အသက်နှစ်ဆယ်အရွယ် ငယ်ရွယ်ပျိုမြစ်သောလူငယ်လေးတွေဖြစ်ကြသည်။

ခရီးသည်ထိုင်ခုံထက်မှာလိုက်ပါလာတဲ့ မေးရိုးကားကား၊နှာတံစင်းစင်းနဲ့ လူငယ်လေးရဲ့အဖြူရောင်ရှပ်အင်္ကျီလေးဟာ သွေးနီစက်တို့ချင်းချင်းနီနေပြီး မူလအဖြူရောင်ကိုတောင်ပျောက်ကွယ်လုနီးပါးဖြစ်နေ‌ချေပြီ။

ထိုလူငယ်လေးက အသံအက်အက်နဲ့ချောင်းတစ်ချက်ကိုဟန့် ...အသက်တစ်ချက်ပြင်းပြင်းရှူလိုက်ပြီးမှ ကားစတီယာရင်ကို ချွေးစို့ရ‌ လောက်တဲ့အထိ တင်းကြပ်ခဲသက်စွာဆုပ်ကိုင်ထားတဲ့ တဖက်လူငယ်လေးအား စောင်းငဲ့ကြည့်လိုက်ချေသည်။

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now