အန်းလုထိုအချိန်မှစ၍ ထိုသူလစ်မည့်အချိန်ကို စောင့်နေခဲ့သည်။ တံခါးပေါက်တွင်ရှိသော စက္ကူ ဖြင့်လုပ်ထားသည့်အကာအား အပေါက်ကလေးဖောက်ကာ အပြင်ဘက်အခြေအနေကို စူးစမ်းလိုက်သည်။သူ့အခန်းရှေ့တည့်တည့်တွင် ကြီးမားသော ခြံနေရာအလွတ်ပုံစံတစ်ခုရှိသည်။
မက်မွန်ပန်းပင်လေးများရှိပြီး အပင်တစ်ပင်၏အောက်နားတွင် ကျောက်သားဖြင့်ပြုလုပ်ထားသော စားပွဲတစ်လုံးနှင့် ခုံအလွတ်များရှိသည်။အန်းလုကြည့်တော့ ထိုသူက ဓားရေးလေ့ကျင့်နေပုံရသည်။ သူ၏ဓားကိုတစ်ဖက်သို့ထိုးလိုက်ခုတ်လိုက် ဝှေ့လိုက်နှင့် လုပ်နေသည်။ လေတဖြူးဖြူးတိုက်နေသည့်တခဏ ဝှေ့ဝဲနေသော ထိုသူ၏ ဆံနွယ်များနှင့်အတူ မက်မွန်ပွင့်ကြွေများက လေပေါ်တွင် ပြန့်လွင့်ကာနေပြီးမှ မြေပြင်နှင့်ထိတွေ့ကြသည်။
အန်းလုက ထိုမြင်ကွင်းကို မသိလိုက်စွာပဲ မျက်တောင်မခတ်တမ်း ကြည့်နေသည်။
တစ်ခဏနေတော့ ထိုသူ၏အနားသို့ အခြားယောက်ျားတစ်ယောက်ရောက်လာသည်။
ထိုသူက သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ ယှက်လိုက်ပြီး.သူ၏ရှေ့ရှိလူအား ဂါရဝပြု လိုက်သည်။"သခင်လေး....ကျွန်တော်စီစဉ်ပြီးပါပြီ။"
ထိုသူက သူ၏ဓားကို နောက်ကျောဘက်တွင်ကပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
အန်းလုက ထိုသူအား.သေချာကြည့်ကာ မှတ်ချက်ပေးသည်။(သူ ခေါင်းငြိမ့်ရတာအတော်ကြိုက်တဲ့ပုံပဲ။
တစ်ချိန်လုံးကို ငြိမ့်နေတာလားလို့...။)ထိုသူက မလှမ်းမကမ်းတွင်ရှိသော ကျောက်စားပွဲပေါ်တွင်တင်ကာထားသည့် သူ၏ဓားအိမ် အား ယူလိုက်ပြီး ဓားကို ပြန်ထည့်လိုက်သည်။
(တစ်နေရာရာသွားတော့မှာလား။ဟုတ်တယ်မလား..။ဟုတ်မှာပါ။)
အန်းလုတွေးသည့်အတိုင်းပင် ထိုသူက အန်းလုအခန်းရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် အပြင်ဘက်သို့ ထွက်သွားတော့သည်။
သူ့အား.လာခေါ်သောသူကလည်း အန်းလုအခန်းရှိရာဘက်သို့ တချက်လှည့်ကြည့်ရင်း
ခေါင်းခါကာ နောက်မှလိုက်သွားတော့သည်။
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု