"ဒေါ်လေး....ပြန်လာပြီပေါ့
ဟွားလင် လွမ်းနေတာဒေါ်လေးကို""ဟိုမှာနေရတာ အဆင်ပြေသွားလို့
အားလင်လေးကိုပစ်ထားမိသလိုဖြစ်သွားတယ်ဒီအဘွားကြီးရဲ့ စကားကိုလည်း
ဆန့်ကျင်ပြီး လုပ်ချင်ရာလုပ်မဲ့သူတွေလည်းမရှိဘူးလေ"မယ်တော်ကြီးက ထိုစကားများအား
ချီရှန်းကိုစောင်းကြည့်လိုက်ရင်းပြောနေသည်။
ဟွားလင်ကမူ မယ်တော်ကြီးအား
ကလေးတယောက်နှယ်ဖက်တွယ်ထားသည်။ချီရှန်းက သောက်လက်စလ္ဘက်ရည်ပန်းကန်လုံးအား
စားပွဲပေါ်တွင် ချထားလိုက်ပြီး
မတ်တပ်ရပ်ကာ မယ်တော်ကြီးအား
ဂါရဝပြုလိုက်သည်။"မယ်တော် ဒါဆိုကျွန်တော်ကို
သွားခွင့်ပြုပါအုန်း""မင်းရဲ့ ကိုယ်လုပ်တော်ကောင်လေး
လုပ်ကြံမှုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်ဆိုပြီးတော့ မင်းဘာလို့ သူတို့ကို
လွှတ်ပေးလိုက်ရတာလည်း သူနဲ့များ
ပတ်သတ်နေသလား ပြီးတော့ယူချန်းက
နန်းတော်ကထွက်သွားတယ် သူနဲ့လည်းပက်သတ်နေတာကို မင်းကဘာလို့လွှတ်ပေးလိုက်ရတာလည်းသူတို့နှစ်ယောက်လုံးက ကြံရာပါတွေ
ဖြစ်နေနိုင်တာပဲ "ချီရှန်းက ပြန်လည်တည့်မက်လိုက်ရင်း
"သူတို့နဲ့ လုံးဝမသက်ဆိုင်ပါဘူး
မယ်တော် အထင်မလွဲပါနဲ့""မယ်တော်ကတော့ မင်းရဲ့လုံခြုံရေးကိုပဲ
အရေးစိုက်တယ် မင်းအတွက် ရှိလာမဲ့အန္တာရယ်မှန်သမျှကို ရှင်းပစ်ရမှာပဲ ဒီကောင်လေးက
မင်းအသက်ကိုကယ်ခဲ့ပေမဲ့
အခုဖြစ်ရတာလည်း သူ့ကိုဓားစားခံအဖြစ်
အသုံးချပြီးမင်းကိုတိုက်ခိုက်ကြတာလေသူသာမရှိရင် မင်းလည်း ဒီလိုအကျပ်တည်းထဲကို
ရောက်သွားစရာမလိုဘူး
မင်းအရည်အချင်းက လူ၅၀ကျော်လောက်တော့
အသာလေးတိုက်ခိုက်နိုင်တယ်ဆိုတာ
မယ်တော်သိတယ် အဲ့ကောင်လေးက
တကယ့်အရှုပ်ထုပ်ပဲ"ချီရှန်းက လက်သီးနှစ်ဖက်ကို
တင်းတင်းဆုပ်လိုက်ပြီး အသက်ကိုရှုသွင်းကာ
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု