"လော့လော့ ငါတော့တစ်ခုခုဖြစ်တော့မယ်လို့ထင်နေတယ်"
"ဘာကိုလဲ...ဘာဖြစ်လို့လဲ"
အန်းလု မနေ့ညကကိစ္စကြောင့်အိပ်မပျော်သဖြင့် မနက်စောစောပင် အားလော့ရှိရာသို့
ရောက်လာခဲ့လိုက်သည်။"ငါ ယောက်ျားလေး ဆိုတာကိုရှောင်ယွီ သိသွားပြီ။မနေ့ကသူငါ့အဆောင်ကိုလာပြီး
ငါတို့နည်းနည်းစကားများကြရင်း သူငါ့ကို ဘာမှတော့မလုပ်လောက်ပါဘူးနော်။ သူ့ကိုငါကူညီပေးခဲ့ဖူးတာပဲ။ဟုတ်တယ်မလား။""အင်း..ဟုတ်တယ်.အန်းလု။စိတ်ကိုအေးအေးထား။ နင်နဲ့ ရှောင်ယွီ ကသူငယ်ချင်းတွေလေ။
သူဘာမှမလုပ်လောက်ပါဘူး"ထိုစဉ် 'ဘုန်း'ဟူသောတံခါးဖွင့်သံနှင့်အတူ
ရှောင်ယွီ နှင့် ရဲမက်အချို့ရောက်လာကြသည်။
"ဒီ လုပ်ကြံသူကိုဖမ်းလိုက်။"
"ဟုတ်ကဲ့ပါ မိဖုရား ယွီ။"
အန်းလု နှင့် အားလော့ပါရုတ်တရက်ဖြစ်သွားသောကြောင့် ထိတ်လန့်ကာ မတ်တပ်ကောက်ရပ်လိုက်ကြသည်။ထို့နောက်ရဲမက်နှစ်ဦးက ရှောင်ယွီဘေးမှကျော်ဖြတ်လာပြီး အန်းလုအား ဖမ်းချုပ်လိုက်ကြသည်။
အန်းလုကလည်း ကြောင်တောင်တောင်ဖြင့်မိမိလက်များအား ကြိုးဖြင့်
ချည်နှောင်နေခြင်းကိုရပ်ကြည့်နေသည်။အားလော့ကအလန့်တကြားဖြင့်"ရှောင်ယွီ နင်ဒါဘာလုပ်တာလဲ။လုလုမှာ ဘာအပြစ်ရှိလို့လဲ။"
ရှောင်ယွီ ကမဲ့ပြုံးပြုံးလျက်
"နင်လည်း ကြံရာပါပဲ နေမှာ ။နင်လည်း သူယောက်ျားလေးဆိုတာသိနေတယ်မလား။
ပြီးတော့သူက တခြားတိုင်းပြည်ကသူလျိုဆိုတာကိုလေ။
သူအရှင့်နားမှာ ဘာရည်ရွယ်ချက်နဲ့ဒီလိုကပ်နေရတယ်ဆိုတာစစ်မေးမလို့ ခေါ်သွားကြတော့။""ရှောင်ယွီ နင်ဘာတွေပြောနေတာလဲ။
သူကနင့်သူငယ်ချင်းနော်။ ပြီးတော့ အရှင်ကသူ့ကို....""တော်တော့........သူလျိုကို ဒီလောက်ကာကွယ်ပေးနေတာနင်လည်း သူ့လိုပဲနေမှာ
ပြောမရဘူး ။လွန်ခဲ့တဲ့ ခုနှစ်လလောက်ကဖြစ်ခဲ့တဲ့ လုပ်ကြံမှုက သူနဲ့ပတ်သတ်ရင်ပတ်သတ်နေမှာ။သူ့ကိုပါ ဒီအဆောင်မှာပိတ်ထားလိုက်။ဒီ တစ်ယောက်ကို အချုပ်ခန်းဆီခေါ်သွား။"
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု